ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနုမြူလက်နက်ကို အဓိက ဘာကြောင့် ပိုင်ဆိုင်ချင်သလဲဆိုတော့ အီရတ်နိုင်ငံကို အမေရိကန်က တိုက်ခိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
တကယ်လို့သာ အီရတ်မှာ အမှန်တကယ် ဓာတုလက်နက်တွေအပြင် အနုမြူလက်နက် ပိုင်ဆိုင်ခဲ့ရင် တိုက်ရဲမှာ မဟုတ်ဘဲ အမေရိကန်က အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံမျိုးတွေကျတော့ အနုမြူ ပိုင်ဆိုင်နေလို့ သတိထား ကိုင်တွယ်နေတာကို စစ်အာဏာရှင်တွေက သိရှိ “အားကျ” လို့ပဲ ဖြစ်ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမှာ တောင်တန်းတွေ ထူထပ်ပြီး တာလီဘန်တွေ ပုန်းအောင်းနေလို့ အမေရိကန်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ စမတ်ဗုံးတွေ (ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်သော ဗုံးပဒေသာ) သုံးစွဲကြောင်း သိလာရာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆင်ကြံ ကြံပါတော့တယ်။



၂ဝဝ၆ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရွှေဂက်စ်တွေနဲ့ ယူရေနီယမ်တွေ ထပ်မံ ထွက်ရှိလာရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနုမြူအိပ်မက်ဟာလည်း ပိုမိုရူးသွပ်လာပြီး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) တို့ကို ပူးပေါင်းခိုင်းကာ အရှိန်အဟုန်မြှင့်ဖို့ တွန်းအားပေးပါတော့တယ်။ ကပစ (၂၀) ကို တာဝန်ပေးကာ အနုမြူစမ်းသပ်ဖို့ မြေနေရာတွေအဖြစ် မကွေးတိုင်း စေတုတ္ထရာဒေသ၊ ပွင့်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ သပိတ်ကျင်းမြို့နယ် ကျောက်ပုထိုး ဒေသတွေကို ရွေးချယ်ခဲ့ပါတယ်။ ရုရှားနဲ့ အနုမြူဓာတ်ပေါင်းဖို ရောင်းချပေးဖို့နဲ့ တည်ဆောက်ပေးဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ပညာတော်သင်တွေအဖြစ် တပ်မတော်အရာရှိ ၅၀၀၀ ခန့်ကို ရုရှားကို အဆက်မပြတ် စေလွှတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရုရှားနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်းကောင်း၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ကကထုတ်နဲ့ ဦးပိုင်ကုမ္ပဏီ အကြီးအကဲ ဗိုလ်ချုပ်တင်အေးကိုလည်းကောင်း၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ဗိုလ်ချုပ်ကြီးရွှေမန်းကိုလည်းကောင်း တာဝန်ပေး လှုပ်ရှားခိုင်းပါတယ်။ နောက်ပိုင်း မေမြို့မှာ ဖွင့်လှစ်ထားတဲ့ နျူကလီးယား သုတေသနတပ်ရင်းမှာ တာဝန်ပေးထားတဲ့ အထက်ပါ ရုရှားကျောင်းဆင်း အရာရှိတွေရဲ့ အနုမြူစွမ်းအင် ဘာသာရပ်ဆိုင်ရာ ပညာသင်ယူခဲ့မှု အားနည်းချက်ကြောင့် လက်တွေ့ နယ်ပယ်မှာ သူတို့ကို အသုံးချဖို့ အခက်အခဲတွေ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် နျူကလီးယားကိစ္စကို မြောက်ကိုရီးယားနဲ့ ဆက်လက်ဆွေးနွေးနိုင်ဖို့ လိုအပ်လာတာမို့၊ ပါဝါရှိစေဖို့ ဗိုလ်ချုပ်ကြီးရွှေမန်းကို တရုတ်နိုင်ငံကို အလည်အပတ်ပြရင်း မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံကတဆင့် အကာအကွယ်ပြုပြီး၊ လျှို့ဝှက် စေလွှတ်ခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ National Defense Strategy ချမှတ်ပြီး ပြည်သူကို ပြည်သူနဲ့ ထိန်းကွပ်တဲ့ မဟာဗျူဟာကို ၁၉၉၆ ခုနှစ်ကတည်းက မီးသတ်၊ ကြက်ခြေနီတို့နဲ့ စတင် အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ကို တိုးချဲ့ဖွဲ့စည်းပြီး သံဃာတော်တွေကိုတောင် အချင်းချင်း သွေးခွဲလို့ သံဃာစွမ်းအားရှင်ဆိုပြီး ဖွဲ့စည်းခိုင်းထားပါတယ်။ လူထုအုံကြွမှုကို လူထုက လက်မခံတဲ့အသွင် နိုင်ငံတကာ မျက်စိလည်သွားအောင် ဖန်တီးနေခြင်း ဖြစ်ပါတယ်။ဒါကြောင့် ပြည်သူကို ပြည်သူနဲ့ထိန်းတဲ့ မဟာဗျူဟာကို ချမှတ်ထားတဲ့ စစ်အာဏာရှင်တွေကို တပ်ကို တပ်နဲ့ ထိန်းတဲ့ တန်ပြန်မဟာဗျူဟာ ချမှတ်ပါမှ ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ရောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အခုလို သူ့လူကိုယ့်လူ ခွဲမရဖြစ်နေချိန်မှာ စစ်တပ်ပါမှသာ ဒီမိုကရေစီရမှာ ဖြစ်တယ်လို့ ပညာရှင်တွေနဲ့ ပြည်တွင်းက ပြောလာကြပြီ ဖြစ်ပါတယ်။

ပြည်တွင်းရှိ ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေက အဖြေမရှိသေးတဲ့ မေးခွန်း မေးလာပါတယ်။ အဲဒါကတော့ “တပ်မတော်သားတွေ ပြည်သူ့ဘက်ရပ်တည်ဖို့ ဘာတွေလုပ်ပေးနေလဲ”၊ “တပ်မတော်သားတွေ ပြည်သူ့ဘက် ရပ်တည်ခဲ့ရင် နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံ အားပေးမှာလား” ဆိုတာ ဖြစ်ပါတယ်။ဆိုလိုတာက တကယ်လို့ တပ်မတော်သားတွေဟာ ပြည်သူ့ဘက် ကူးပြောင်းခဲ့ရင် သွေးထွက်သံယို တော်လှန်ရေး ဖြစ်လာနိုင်ပြီး စစ်အာဏာရှင်တွေက အကြမ်းဖက်လို့ မတရား စွပ်စွဲကာ အချိန်မဆိုင်းဘဲ အင်အားကုန် ဖိနှိပ်ချေမှုန်းလာမှာ ဖြစ်တာမို့ သမ္မတကြီးတို့အနေနဲ့ အခုကတည်းက ရပ်တည်ပြီး ထောက်ခံအားပေးသွားဖို့ အလားအလာရှိတဲ့ အဖြေ (ရှိ/မရှိ) သိချင်နေကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေးဟာ အကြမ်းဖက် မဟုတ်သလို ဒီမိုကရေစီရရှိရေးနဲ့ ပြည်သူလူထု လွတ်မြောက်ရေးအတွက် တရားတဲ့ စစ်ကို ဆင်နွဲနေခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံတကာက ထောက်ခံအားပေးမှု၊ အသိအမှတ်ပြုမှု မရှိဘဲနဲ့တော့ စစ်တပ်က အရာရှိတွေဟာ အသိဥာဏ်နဲ့ ရှေ့က ခါးသီးတဲ့ အတွေ့အကြုံတွေ မြင်တွေ့ခဲ့ပြီး ဖြစ်တာမို့ အလိုလို ကြွလာမှာတော့ မဟုတ်တာ သေချာလှပါတယ်။ နိုင်ငံတကာရဲ့ စံနှုန်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ကြားခံနယ်မြေ၊ လူထုနဲ့ ကိုယ်ပိုင်စစ်တပ်၊ လွှတ်တော်နဲ့ ဖက်ဒရယ် အခြေခံဥပဒေ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အသံလွှင့်ရုံတို့ကို စစ်တပ်က ဖန်တီးပေးနိုင်တာမို့ စစ်တပ်နဲ့ ပြည်သူ ၂ဝ၁ဝ ခုနှစ် မတိုင်ခင် အမြန်ပေါင်းဖို့ လွန်စွာ အရေးကြီးလှပါတယ်။

သမ္မတကြီးတို့ ခံယူချက် လွဲမှားနေတာကို တင်ပြရရင် သမ္မတကြီးတို့ နိုင်ငံတွေရဲ့ ခေတ်မီ IT နည်းပညာ၊ ကိရိယာတန်ဆာပလာ၊ အသုံးအဆောင်ပစ္စည်းနဲ့ ဂြိုဟ်တုဆက်သွယ်ရေး၊ အင်တာနက် ကွန်ပြူတာ အဆင့်မြင့် ပညာတွေကို အားကိုးပြီး မြန်မာနိုင်ငံကို လျှော့တွက်ခဲ့ကြပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့သလို တောင်နဲ့ မြောက်ကိုရီးယား ရန်သူ နှစ်နိုင်ငံကို ကစားသွားခဲ့ပုံတွေ၊ အနုမြူဗုံး ပိုင်ဆိုင်ဖို့ လက်သည်တရားခံ မပေါ်ရေးအတွက် ယူရေနီယံ တူးဖော်ပေးတဲ့ နိုင်ငံက တနိုင်ငံ၊ အနုမြူနည်းပညာ သင်ယူဖို့ သင်ပြပေးတဲ့ နိုင်ငံက တနိုင်ငံ၊ ဗုံးခွဲဖို့ အကူအညီတောင်းတဲ့ နိုင်ငံက တနိုင်ငံ စတဲ့ ၃ နိုင်ငံ လှည့်ကစားကာ စီစဉ်ထားပုံတွေ၊ နိုင်ငံတကာ မျက်စိလည်အောင် လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ချိတ်ဆက်ထားပုံ၊ ဗိုလ်သန်းရွှေရဲ့ အနီးကပ် ကျေးဇူးရှင် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကိုတောင် ချမ်းသာမပေးဘဲ ၁၉၉၅-၁၉၉၆ ခုနှစ်က ထိုင်ဝမ် ထောက်လှမ်းရေးတွေကို မန္တလေးမှာ ဖမ်းဆီးရမိခဲ့စဉ်က နှစ်ထပ်ကွမ်း ထောက်လှမ်းရေး (Double Agents) လုပ်ခိုင်းခဲ့ပုံ၊ သက်ဆင်ရဲ့ ထိုင်းဂြိုဟ်တုကို ဌားရမ်းသုံးစွဲနေရာမှ အမေရိကန်ရဲ့ ထောက်လှမ်းမှုကို စိုးရိမ်တာကြောင့် အိန္ဒိယဂြိုဟ်တုကို ပြောင်းသုံးပြီး တရုတ်ဂြိုဟ်တု ရှိလျက်သားနဲ့ မသုံးဘဲ တရုတ်ကိုပါ တန်ပြန်လိုက်ပုံ၊ အစည်းအဝေးတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်ကို ချစ်လို့ နမ်းနေတယ် မထင်နဲ့၊ ရုရှားနဲ့ အိန္ဒိယကို စည်းရုံးချဉ်းကပ်ကာ နိုင်ငံရေး ကစားရမယ်လို့ ပြောပြနေတာတွေကိုလည်း တင်ပြလိုက်ပါတယ်။

သမ္မတကြီးတို့အနေနဲ့ ဒီကနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာကို အနီးကပ် လူတွေတောင် မသိရှိနိုင်သလို သူ့ရဲ့ လူယုံ ဦးတေဇကို လေယာဉ်ထိုးခိုင်းပြီး သူသွားချင်တဲ့ နေရာကို ရုတ်တရက် “ထ” သွားလို့၊ ခရီးဆုံးရောက်မှ ခရီးစဉ်ကို သိခွင့်ရတဲ့ လျှို့ဝှက်ဆန်တဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း သိရှိစေလိုပါတယ်။သမ္မတကြီးတို့ ဂြိုဟ်တု ဘယ်လောက်ပဲ ခေတ်မီနေပါစေ၊ ကောင်းကင်ကနေ ကြည့်နေအုံးတော့၊ လှိုဏ်ခေါင်းထဲ ဝင်နေပြီး ခြေရာဖျောက်နိုင်သလို အများက ကြပ်ပြေးကို ခံစစ်လို့ ထင်နေပေမယ့် တကယ်တမ်း မေမြို့ (ပြင်ဦးလွင်) ကို နောက်ဆုံး သူ့ရဲ့ခံစစ်အဖြစ် တည်ဆောက်ခဲ့တာကို ၂ဝဝ၆ ခုနှစ် အချိန်ကာလတုန်းကတော့ သမ္မတကြီးတို့ မသိသေးဖူးလို့ ထင်ပါတယ်။

ဒီနေရာမှာ အမေရိကန်အနေနဲ့ အကျိုးစီးပွား ယှဉ်တွဲလို့ဖြစ်စေ၊ လုံခြုံရေး ခြိမ်းခြောက်ခံရလို့ဖြစ်စေ စိတ်ပါဝင်စားစွာနဲ့ အလေးအနက်ထားတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ပတ်သက်ပြီး အကျိုးစီးပွား မရှိသလို လုံခြုံရေး ခြိမ်းခြောက်ခံရမှု မရှိတဲ့အတွက် စိတ်ပါဝင်စားမှု သိပ်မရှိဘူး ဆိုတာကို ဝမ်းနည်းစွာ သိရပါတယ်။ မြန်မာနိုင်ငံဟာ အနုမြူကို ၂ဝ၁၅ ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ဖို့ ရည်မှန်းထားရာ ပိုင်ဆိုင်ခဲ့ပြီဆိုပါက မြောက်ကိုရီးယားနိုင်ငံထက် ပိုဆိုးသွားမှာတော့ မလွဲဧကန် ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းဒဏ် ခံရတုန်းက ပြင်သစ် စစ်သင်္ဘောဟာ မြန်မာပြည်ထဲဝင်မယ် တကဲကဲ လုပ်နေပေမဲ့ တရုတ်ကို လန့်နေတဲ့ ချီတုံချတုံနဲ့ အမေရိကန်ကို လူထုက အားမလို အားမရ ဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက စစ်တပ်က အောက်ခြေ တပ်မတော်သား အများစုဟာ အမေရိကန် ဝင်လာရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့်နေတဲ့သူတွေ ရှိတယ်ဆိုရင် သမ္မတကြီးတို့ ယုံမှာလား?၊ တပ်မတော်သား အများစုဟာ ဗီယက်နမ်လို ခံမချဘဲ သူတို့ရဲ့ သေနတ်တွေကို ဘေးချပြီး ဧရာဝတီတိုင်းမှာ သူတို့မိဘဆွေမျိုးတွေ ဒုက္ခရောက်လို့ လာကယ်တဲ့ အမေရိကန် တပ်တွေနဲ့ နိုင်ငံတကာ သဘောင်္တွေကို လက်ကမ်းကြိုဆိုဖို့ အသင့်ပါပဲဆိုတာ ကျနော်တို့ ပြောချင်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတုန်းက ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ အားပေးချီးမြှင့်ခဲ့တဲ့ စာဟာ ပြည်သူတွေကို အားတက်စေခဲ့ပေမယ့် ဂျွန်ယက်တော ကိစ္စမှာ ကိုယ်လွတ်ရုန်း ကယ်ထုတ်ခဲ့တဲ့ အမေရိကန်က အထက်လွှတ်တော် အမတ်ကြောင့် အမေရိကန်ကို မြန်မာလူထုက တော်တော် စိတ်ပျက်သွားသလားဆိုတာ စုံစမ်းကြည့်သင့်ပါတယ်။

ဒီတော့ကာ ကျနော်တို့ တင်ပြသွားခဲ့သလို တွေ့ဆုံ ဆွေးနွေးရေးဟာ တဖက်နဲ့ တဖက် ပါဝါအစွမ်း တန်းတူရည်တူဖြစ်မှ ဆွေးနွေးပွဲ စားပွဲဝိုင်းဟာ နီးစပ်မှာ ဖြစ်သလို စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံကုလားထိုင် ယိုင်လဲပြီး အကျဉ်းအကြပ်ဖြစ်မှသာလျှင် သူတို့ဟာ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ကြွချီလာမှာ ဖြစ်ပါတယ်။အဲဒီလိုဖြစ်အောင် ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေဟာ လုပ်နိုင်ပေမယ့်၊ လုပ်ချင်ပေမယ့် အဖြေမရှိတဲ့ မေးခွန်းကြောင့် တုံ့ဆိုင်းနေတဲ့အကြောင်း၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးဗိုလ်ချုပ်အချို့နဲ့ ပြည်သူ့ဘက် ရပ်တည်ချင်နေတဲ့ စစ်တပ်ကို ခွဲခြားသုံးသပ် မြင်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို အပေါ်ယံရှပ်ပြီး တာဝန်ကျေ တောင်းဆိုနေသရွေ့ ပြည်သူတွေက နားညည်းပြီး စိတ်ပျက်နေကြပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
လေးစားစွာဖြင့်
daboedway

ဆက်ဖတ်နိုင်သည်...

မြန်မာနိုင်ငံမှ လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်နိုင်ခဲ့

ကြားရတာ အားရစရာ မြန်မာနိုင်ငံမှ လောင်စာမဲ့ လျှပ်စစ်နည်းပညာသစ်တစ်ခုကို တီထွင်နိုင်ခဲ့တယ်ဆိုတာကို မြန်မာ့တိုင်းမ် သတင်းမှာ ဖတ်လိုက်ရပါတယ်..

အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံ နှင့် လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ပြောသည်။


"ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံ တင်မကဘဲ ပိုတောင်ပိုပါသေးတယ်" ဟု ၎င်းက ပြောသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။

ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။

ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။

ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။

တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။

လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။

"လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။

ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

"ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မ၀င်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

"ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ" ဟု ရှင်းပြသည်။

"ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ" ဟု ၎င်း က ပြောသေးသည်။

ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။

အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။

လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထ၀ီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။

အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။

လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။

ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။

အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁၀ဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁၀ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။

ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။

ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀မှ ၄,၈၀၀အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။

12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။

ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀၀လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။

ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။

"ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ"ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။

မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

"မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ" ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀၀ရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀၀လောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့် စက်အလုံး၂၀တပ်ဆင်ထားပါက ၄၀မဂ္ဂါဝပ်ရရှိမည်။

သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

"ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ" ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။

အောက်ပါလင့်မှာ သွားကြည့်နိုင်ပါတယ်..
/www.myanmar.mmtimes.com/2010/upper/454/upper01.html
www.worldwidemyanmar.com
daboedway

ဆက်ဖတ်နိုင်သည်...

ရင်ဆိုင်တိုက်ပွဲ တို့ဆင်နွဲစို့

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀
စောကျော်ခွီး

နိုင်ငံတကာရောက် မဟာမိတ်အဖွဲ့များနှင့် အထူးသဖြင့်ကရင်များခင်ဗျ..........
မိမိတို့ရောက်ရာတိုင်းပြည်နိုင်ငံများကနေပြီး ယခုလက်ရှိဖြစ်ပေါ်နေသော နအဖဗမာစစ်တပ်တို့၏ တိုင်းရင်းသားကရင်တို့အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ၊ နယ်မြေစိုးမိုးရေးအတွက် ကရင်ကျေးရွာများ၊ အိုးအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေမှုများ၊ တိုင်းရင်းသူများအား လိုင်စင်ရ မှုဒိန်းမှုများဆင့်ပွားကျူးလွန်နေမှုများ ရပ်တန်းကရပ်ရန် ဖိအားပေးကြဖို့ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့အားကျယ်ကျယ်လောင်လောင် အသိပေးဆော်သြသင့်ပြီ။


နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို ၏စစ်မှန်သော ဝိုင်းဝန်းထောက်ခံမှုနှင့် လေးနက်သော ဖိအားပေးမှုများ လက်တွေ့ကျကျလိုက်ပါလာကြစေရန်အလို့ငှာ မိမိတို့ရောက်ရာနိုင်ငံ၊ မြို့ရွာများမှ ပြိုင်တူအုံကြွပြီး ဆိုင်ရာ နိုင်ငံတွင်ရှိသော နိုင်ငံခြားရေး ဝန်ကြီးရုံး၊ မြန်မာသံရုံး၊ထိုင်းသံရုံး၊ တရုတ်၊ ရုရှား၊ အိန္ဒိယသံရုံးတို့ကို မိမိတို့လိုအပ်ချက်များအား ဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်သင့်တယ်။

မြန်မာပြည်အရှေ့ဖက်ခြမ်းရှိ ဒုက္ခသည်များအား ပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် နေထိုင်ခိုလှုံခွင့်ပေးရန် ထိုင်းသံရုံးမှတဆင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အသနားခံစာများရေးပို့ကြရန် အထူးလိုအပ်ပါတယ်။
ဒီမိုကရေစီနှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ကြရေးကို ရှေးရှုအကောင်အထည်ဖော်သောအနေနဲ့ ဒီမိုကရေစီနှင့် တိုင်းရင်းသားမဟာမိတ်များက မြန်မာပြည်အရှေ့ဖက်အခြမ်းရှိကရင်တိုင်းရင်းသားများ၊ ဒုက္ခသည်များအရေးတွင် အတူတကွ ပူးတွဲပြီး ကမ္ဘာသို့အရေးဆိုကြရန် အပူတပြင်းလုပ်ဆောင်သင့်ပြီ။

(၈၈)အရေးအခင်းမှာ ဝုန်းကနဲအုံကြွ မီးထတောက်ခဲ့ပြီး၊ ရွှေဝါရောင်တော်လှန်ရေးမှာလဲ ဝုန်းကနဲ အုံကြွ မီးထတောက်ပြန်ပြီးပြီ။ ကျုပ်တို့ရဲ့ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဟာ ကောက်ရိုးမီးလို လောင်မြန်၊ ငြိမ်းမြန်သည့်နှယ်ဖြစ်စေမှာလား။
သူတို့လုပ်နေတဲ့ စစ်အာဏာရှင်တည်မြဲရေးအတွက် တိုင်းရင်းသားတွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေမှုများကို ဆက်မလုပ်နိုင်စေရန်နှင့် အဲဒီ လူမျိုးကြီးဝါဒကို အခြေခံတဲ့စစ်အာဏာရှင်စနစ် ကျဆုံးစေဖို့ တတ်အားသရွေ့ ဝိုင်းဝန်းလုပ်ဆောက်ကြပါစို့။

ဆက်ဖတ်နိုင်သည်...

ကရင့်နေ့ထူး(၃)ခု စုပေါင်ကျင်းပခဲ့ခြင်း

ဖေဖောဝါရီ ၆၊ ၂၀၁၀

Special(3)Days of Karen

ဆက်ဖတ်နိုင်သည်...

ဆစ်ဒနီတွင် ကရင့်နေ့ထူး(၃)ခု စုပေါင်းကျင်းပခဲ့

ဖေဖော်ဝါရီလ ၇ရက်။ စောကျော်ခွီး (ကေအိုင်စီ)

သြစတြေးလျားရောက် စောဝင်းမင်းမှ ဂုဏ်ပြုစကား ပြောကြားနေစဉ်

ကရင်နေ့ထူးနေ့မြတ် သုံးခုကို အထိမ်းအမှတ် အခမ်း
အနားအဖြစ်
သြစတြေးလျားရောက် ကရင်တိုင်းရင်းသားများက
ဆစ်ဒနီ မြို့ Villawood, Senior Citizen’s Hall ၌
ယမန်နေ့ ညနေတွင် ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်ပေါင်း
၂၅၀ကျော် တက် ရောက်ခဲ့ကြသည်။



ဇန်န၀ါရီ ၃၁ရက်တွင် ကျရောက်ခဲ့သည့် ၆၁ကြိမ်မြောက် ကရင်
အမျိုးသားတော်လှန်ရေးနေ့၊ ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက်
သည့် ၆၃ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့နှင့်
ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့
များအတွက် ရည်ရွယ်၍ အများစု ရုံးပိတ်ရက်ဖြစ်သည့် ယမန်နေ့က
ညနေ ၃နာရီမှ ည ၇နာရီအထိ စုပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ နေ့ထူးသုံးမျိုး အခမ်းအနားသို့ သြစတြေးလျားရောက်
ကရင်လူမျိုးများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ် မြောက်နယ်မြေ) ကိုယ်စားလှယ်များ၊ ဘားမားကမ်ပိန်းဆစ်ဒနီ
ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသားအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်
ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(သြစတြေးလျ)၊
ဗမာလူမျိုးစုလူမှုရေးအဖွဲ့(ဆစ်ဒနီ)၊ မြန်မာလူငယ်များအဖွဲ့ချုပ်
(သြ စတြေးလျား)၊ မြန်မာလူမျိုးစု မြန်မာအသံတို့
တက်ရောက်ခဲ့ကြသည်ဟုသိရသည်။


ထိုအခမ်းအနားတွင် ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ ကရင့်နိုင်ငံရေး
မြစ်ဖျားခံလာချိန်မှစ၍ KNU နေ့ ဖြစ်ပေါ်လာပုံနှင့် ကရင့်သမိုင်းကြောင်း
အကျဉ်းကို သြစတြေးလျားနိုင်ငံရောက် KNU ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်
စောဝင်းမင်းက တက် ရောက်လာကြသော လူထုပရိတ်သတ်ကို
ယခုလို ပြောကြားခဲ့သည်။

“အခု မြန်မာနိုင်ငံလို့ခေါ်တဲ့ နိုင်ငံထဲကို ဘီစီ (၇၃၉)ကတည်းက
ကရင်တွေ အစောဆုံး ဝင်ရောက်လာကြတယ်။ ခေတ်အ
ဆက်ဆက်မှာ သူတပါး အနိုင်ကျင့်တာကို အမြဲခံခဲ့ရတယ်။
အုပ်စိုးသူတွေဟာ ကရင်လူမျိုးတွေ ထူးချွန်ထက်မြက်သွားမှာ စိုး
တဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေး စတဲ့
ဖိနှိပ်တာကို ခံခဲ့ကြရတယ်။ ဒါကြောင့်မို့ ကရင်တွေ နိုင်ငံရေးအ
မြင်ရှိဖို့ ကြိုးစားသင့်တယ်။ နောက်ပြီးတော့ နယ်စပ်ဒုက္ခသည်
စခန်းတွေက ရောက်လာတဲ့ကရင်တွေကလည်း အားနည်းချက်၊
အားသာချက်တွေကို နင်ဘဲငါဆ လိုက်ပြောနေကြမဲ့အစား
အမှားအယွင်းတွေကို စုပေါင်းပြင်ဆင်ကြဖို့လိုတယ်။ ကရင်တွေ
စည်းလုံးညီညွတ်မှုရှိမှ ရန်သူကို ပြိုင်တူဖြိုခွင်းနိုင်မယ်”ဟု
စောဝင်းမင်းက ပြောကြားခဲ့သည်။

KWO(သြစတြေးလျဌာနခွဲ)ဥက္ကဌ နန်းမိုးမိုးက “ကျမတို့
ကရင်လူမျိုးတွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုအောက်က တွန်းလှန်တိုက်ပွဲ
ဝင်ခဲ့ကြတယ်။ ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း
တသွေမတိမ်း လျှောက်လှမ်းနေကြတယ်။ ယနေ့လူငယ် တွေဟာ
စိတ်ဓါတ်မကျဘဲ ဒီတာဝန်တွေ ဆက်လက်ထမ်းဆောင်သွားရင်
ပန်းတိုင်ကို တနေ့ ရောက်ရမှာ မလွဲပါဘူး”ဟု အား ပေးစကား
ပြောဆိုခဲ့သည်။

“ဒီလိုကရင့် နေ့ထူးနေ့မြတ်သုံးခုကို စုစည်းကျင်းပတဲ့ပွဲကို
ဆင်နွဲခွင့်ရလို့ အရမ်း ၀မ်းသာမိတယ်။ ရှေ့တန်းမှာ ကိုယ်ကျိုးစွန့်
ပြီး ဒီနေ့ထိတိုင် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ကရင်ရဲဘော်
ညီအစ်ကိုတွေကလည်း ပြည်ပရောက်ကရင်တွေ ကိုယ့်လူမျိုးရဲ့
နေ့ထူးနေ့မြတ်တွေကို မမေ့ဘဲ ကျင်းပပေးတာသိရင် စိတ်ဓာတ်
ခွန်အားတွေ နိုးကြားလာနိုင်မယ်လေ”ဟု ပွဲတက်ရောက်ခဲ့သူ
စောဝီလျံက ဆိုသည်။

အခမ်းအနားတွင် ရန်ပုံငွေအဖြစ် အစားအစာများ ရောင်းချသည့်အပြင်
ကရင်လူငယ်များက တော်လှန်ရေး၊ အမျိုးသားရေး သီချင်းများနှင့်
ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ယခုလို ကရင်နေ့ထူးနေ့မြတ်ပွဲ
၂၀၀၅ခုနှစ်ကတည်းက ကျင်းပခဲ့ကြ သည်မှာ ယခုဆိုလျှင် ငါးကြိမ်
မြောက်ဖြစ်သည်။

ဆက်ဖတ်နိုင်သည်...

စစ်အာဏာရှင်ချုပ်ငြိမ်းရေးသည် မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်










ရဲရင့်ငယ်ဘလော့မှပြန်လည်ရယူပါသည်။

ဆက်ဖတ်နိုင်သည်...

အလွမ်းသမားလေး ဦးသိန်းထွန်းအတွက် ချစ်တောင်ပြုန်း

ဆက်ဖတ်နိုင်သည်...

ဆစ်ဒနီ ကရင်လူငယ်များ နှီးနှောဖလှယ်ပွဲ ပြီးစီး

ဇန်နဝါရီ ၃၁၊ ၂၀၁၀
စောကျော်ခွီး (ကေအိုင်စီ)

သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ငါးကြိမ်မြောက် ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ
ကမ် ဘာရာ၊ မဲလ်ဘုမ်းနှင့် ဆစ်ဒနီမြို့များရှိ ကရင်လူကြီးလူငယ် ၁၂၀ကျော်
တက်ရောက်ခဲ့ကြသည်။


ကရင်လူငယ်များ အမျိုးသားရေး၊ နိုင်ငံရေး နိုးကြားမှုရှိလာစေရန် ရည်ရွယ်၍
(၂)နှစ်တကြိမ် ကျင်းပပြုလုပ်လေ့သည့် အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲကို
ဆစ်ဒနီမြို့၊ Carrma ရပ်ကွက်၊ STARTT ရုံး၌ မနက် ၈နာရီခွဲမှ ညနေ
(၅)နာရီအထိ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

၎င်းအပြင် ကရင့်သမိုင်းဆိုင်ရာ အချက်အလက်များ၊ အမျိုးသားခေါင်းဆောင်
စောဘဦးကြီး၏ တော်လှန်ရေး မူဝါဒလေးခုနှင့် ကရင်လူမျိုးတို့၏ နိုင်ငံရေးကြွေး
ကြော်သံ လေးရပ်ကို သြစတြေးလျားကရင်အစည်းအရုံး ဥက္ကဌ မန်းအော်လန်းဒိုမှ
တက် ရောက်လာသည့် ကရင်လူငယ်များအား ယခုလို ပြောကြားခဲ့သည်။

“ကမ္ဘာက လက်ခံထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမေရိကန်
လွတ်လပ်ရေးကြေညာစာတမ်းတွေကို အခြေခံထားတဲ့ ကရင့်တော်လှန်ရေးဟာ
အမှန်တရားဖြစ်တယ်။ လူတိုင်းဟာ မွေးရာပါ အခွင့်အရေးများ တန်းတူရှိကြတယ်။
လူမျိုးရေး ခွဲခြားမှုတွေကြောင့် သက်သေပြတဲ့အနေနဲ့ ကရင်လူထုဟာ ကြွေးကြော်သံလေးရပ်နဲ့
ထုတ်ဖော်ဆန္ဒပြခဲ့ကြတယ်။ ကရင့်ခေါင်းဆောင် စောဘဦးကြီးဟာလည်းပဲ မူလေးချက်နဲ့
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကရင်တော် လှန်ရေးကို ဆက်ခဲ့တယ်။
ဒီတော့ ကရင့်တော်လှန်ရေးဟာ တရားတယ်”ဟု မန်းအော်လန်းဒိုက ပြောကြားသွားခဲ့သည်။

ထို့နောက် ကရင့်သမိုင်းနှင့် တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အကြောင်းအရာများကို
စောလွင်ဦးနှင့် ဒန်းနရယ်ဇူးတို့ မှလည်းကောင်း၊ ကရင်လူငယ်များ၏ အမျိုးသားတာဝန်များကို
အယ်ဖန်းရှောင်နှင့် စောဆာမူလာတို့မှ မြေပုံဇယားနှင့်တကွ အမေးအဖြေပြုလုပ်ပြီး
အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြသည်။

“ကရင်တွေဟာ ခေတ်အဆက်ဆက် လက်တလုံးခြား လိမ်ညာခံခဲ့ရတဲ့ သင်ခန်းစာတွေ
ရှိခဲ့တယ်။ နောင် အဲလိုမဖြစ်ရအောင် နိုင်ငံရေး၊ လူမျိုးရေးနဲ့ တော်လှန်ရေးသမိုင်းတွေ
သိထားပြီး အခြေအနေမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ အရေးကြီးတယ်။ အမျိုးကို ချစ်ရုံနဲ့
မပြီးဘူး”ဟု စောဒန်းနရယ်ဇူးက ရှင်းပြပြောဆိုသည်။

Youth seminar 2
နှီးနှောဖလှယ်ပွဲ တက်ရောက်သူ ကရင်လူငယ် နော်မာနုဖောက “ကရင်လူငယ်တွေ
ဒီလို စုံစုံညီညီ စိတ်ဝင်တစား ပါဝင်ကြတာ အားရကျေနပ်ဖို့ ကောင်းတယ်။ ကရင့်
တော်လှန်ရေး ဘာကြောင့် ဖြစ်လာရတာလဲ။ ဘာကိုလိုချင်လို့ တိုက်ပွဲဝင်နေရတာလဲဆိုတာ
သေသေချာချာ သိလိုက်ရတဲ့အတွက် ဒီတရားမျှတတဲ့ ကရင့်တော်လှန်ရေးကို တတ်နိုင်တဲ့
ဘက်က ပံ့ပိုးကူညီအားဖြည့် သွားမယ်။ စဉ်ဆက်မပြတ် လူငယ်နှီးနှောဖလှယ်ပွဲကို နှစ်စဉ်
ကျင်းပပေးနိုင်ရင် လူငယ်တွေကို ထိထိရောက်ရောက် ပျိုးထောင် ပေးနိုင်လိမ့်မယ်”ဟု ဆိုသည်။

သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ နှီးနှောဖလှယ်ပွဲကို (၂၀၀၁)ခုနှစ်မှ စတင်
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်ဖတ်နိုင်သည်...