ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

မဲလ်ဘမ်းသင်္ကြန် အမှတ်တရဓါတ်ပုံများ

၆-18/4/10 နေ့ဗုဒ္ဒမာမကဓမ္မဝိဟာရ ကျောင်းတွင်ပြုလုပ်ဆွမ်းကျွေးပွဲတွင်လာရောက်ကြသောကလေးများ


တရားဟောရဟန်းသံဃာများ



ဤသို ပျော်ရွှင်စွာ ကခုန်ကစားခဲ့ကြသည်။


သင်္ကြန်မယ်ကလေးများ၏အကနှင့်အလှများ


မြူးမြူးကြွကြွ ပျော်ပျော်ရွှင်ရွှင်သင်္ကြန်အကလေးများနှင့်


ကရင့်ရိုးရာဒုံးအကနှင့်လဲဖျော်ဖြေခဲ့ကြသည်။


တရားနာနေကြသော အလှူရှင်များ


တရားနာနေကြသော အလှူရှင်များ


တရားနာနေကြသော အလှူရှင်များ


သင်္ကြန်ဆွမ်းကျွေးပွဲနှင့်ရဟန်းခံ

ဆက်ဖတ်နိုင်သည်...

တိရိစ္ဆာန်လောက်မှ အသိတရားမရှိသော နအဖ စစ်ခွေးများကြည့်ရန်

Monday, 05 April 2010 01:10
သားကောင်ဖြစ်တဲ့မိခင် မျောက်မကြီးကို ကိုက်သတ်ခဲ့သော်လည်း မျောက်ငယ် လေးကိုတော့ မကိုက်သတ်တဲ့အပြင် ပြန်ပြီးတော့ စောင့်ရှောင့်မှု့တောင် ပေးခဲ့တဲ့ တရိစ္ဆာန်တစ်ကောင်ရဲ့ ချစ်ခြင်းတရားနဲ့ အသိတရားဖြစ်ပါတယ်။ ဒါဟာ အသိဥာဏ်နှိမ့်ပါးတဲ့ တိရိစ္ဆာန်တွေမှာတောင် ရှိတဲ့အသိတရားဖြစ်တယ်။ နအဖ စစ်သားများကတော့ (၅)နှစ်အရွယ် မပြောနဲ့ (၅)လ သားတောင်ပစ်သတ်ခဲ့တာဆိုတော့ တိရိစ္ဆာန်လောက် အသိဥာဏ်မရှိသော သတ္တဝါကောင်တွေဆိုတာ ရှင်းရှင်းကြီးတွေ့ရပါတယ်။ နောက်တစ်ခုက KNU ကိုမကျေနပ်၊ အနိုင်မတိုက်နိုင်တာထက် ကရင်လူမျိုးကို ခလေးကအစ အလွတ်မပေး လူမျိုးတုန်းသတ်ဖြတ် ခြင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလည်း ၂ လ သားအရွယ် ကရင်ခလေးကို မောင်းထောင်းဆုံ ထဲ ထည့်ပြီး ထောင်းသတ်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်။



Kawthoolei Media Serviceမှကူးယူဖော်ပြသည်။

ဆက်ဖတ်နိုင်သည်...

တရားမဟောတတ်ပါဘူးဆို

တစ်ခါက တောရွာတစ်ရွာတွင် ခြေတစ်ဖက်မသန်သော ဦးဇောဆိုသောဘုန်းကြီးတစ်ပါးရှိ ခဲ့ဖူးပါတယ်။ တရားတော့ မဟောတတ်ဘူး။ တရားဟောဖို့ဆိုရင် အလွန်ငြင်းဆန်သတဲ့။
ဒါနဲ့ တစ်နေ့တော့ အဲ့ဒီဘုန်းကြီးဦးဇောထံ ဘုန်းကြီးဇောနဲ့အလွန်ရင်းနှီးသော
ဆွမ်း ဒါယိကာမကြီး ဒေါ်ဖွားခြုံရဲ့ခင်ပွန်းဖြစ်သူ ဦးမှုန်ဆိုသောဒကာကြီးက လာရောက်ပြီး တရားဟော ကြွတော်မူပါရန်လျှောက်ထားတောင်းပန်ပါတယ်။

ဒီတော့ ဘုန်းကြီး ဦးဇောက “ဒကာကြီး ဘုန်းကြီးက တရားမဟောတတ်ဘူး၊
ဒါ့ကြောင့် တခြားတစ်ပါးက ဘုန်းကြီးကိုသာ ပင့်ပါလို့” ပြောဆိုတောင်းပန်သတဲ့။

ဒကာကြီး ဦးမှုန်က
“အို ဆရာတော်ရယ် တရားဟောတာပဲ ဘာခက်တာမှတ်လို့ မျက်စိထဲ တွေ့ရာမြင်ရာဟောတာပဲ၊
ကိုယ့်ရပ်ကိုယ့်ရွာအလှူ ဆရာတော်သာ ဟောတော်မူပါ၊
တပည့်တော် တခြားဘုန်းကြီးတွေဟောတာ တယ်ပြီးမကြိုက်လှဘူး” လို့
ပြန်လည်လျှောက်ထား လိုက်သတဲ့။
ဒီစကားကြောင့်ဘုန်းကြီး ဦးဇောလည်း အတော်အခက်တွေ့သွားတာပေါ့။
“တရားဟောတယ်ဆိုတာ မျက်စိထဲတွေ့ရာမြင်ရာ ဟောတာပဲဆိုရင်တော့ မဆိုးပါဘူး၊
ဒါဆိုရင်တော့ ဟောရ မှာပေါ့ဗျာ” လို့ အားနာနာနဲ့ ပြန်ပြောလိုက်သတဲ့။
ဒါနဲ့ အလှူပွဲရက်ရောက်တော့ ဘာတရားဟောရပါလိမ့်မလဲလို့ စဉ်းစားပေမယ့် စဉ်းစားမရဖြစ်နေတယ်တဲ့။ ကဲပါလေ၊ မျက်စိထဲ တွေ့ရာမြင်ရာဟောပါဆိုတော့ ဟိုရောက်မှပဲ ကြည့်ပြီးလုပ်ရတော့မှာပဲလေ ဆိုတဲ့စိတ်ကူးနဲ့ အလှူမဏ္ဍပ်ကို ကြွလာခဲ့ပါတယ်။
အဲ့ဒီလိုကြွလာရင်းနဲ့ မျက်စိထဲ တွေ့ရာ မြင်ရာကို မှတ်ပြီးတော့ လာခဲ့သတဲ့။
ဘုန်းကြီးဇော ကျောင်းကအထွက် လမ်းမှာတွေ့ခဲ့ရတာတွေက ပုရွတ်ဆိတ်တွေ အုံနေတာရယ်၊ သူ့ကျောင်းအနီးက တောတန်းတစ်နေရာလေးမှာ သမင်နှစ်ကောင် ခတ်နေတာရယ်၊
ဖားတစ်ကောင်က တကွက်ကွက်မြည်နေတာရယ်တွေ့ခဲ့သတဲ့။
တော်တော်ခပ်လှမ်းလှမ်းရောက်တော့ မိန်းမနှစ်ယောက်က ယောက်ကျားတစ်ယောက်ကို
ညည်းဟာလား၊ ငါ့ဟာလားလို့ အငြင်းအခုန်ဖြစ်နေတာရယ်၊
ငခွေးတို့သားအဖ နွားပျောက်ရှာပုံ တော်ဖွင့်နေတာရယ် တွေ့ခဲ့ပြန်သတဲ့။
အဲ့ဒီနောက်မှာတော့ မဏ္ဍပ်နဲ့ခပ်လှမ်းလှမ်းအရောက် ကြက်ဖကြီးတစ်ကောင်က
အောက် အီးအီးအွတ်လို့အသံထွက်ပြီးတွန်လိုက်သံကို ကြားလိုက်ရပြီးနောက်
မဏ္ဍပ်ထဲကို ရောက်လာခဲ့ပါ တော့တယ်။
ဆရာတော်ရောက်ရောက်ချင်းမှာပဲ အလှူပွဲက ဗျောဆိုင်းကလည်း
တောက်တောက် ဗြုန်းလို့ ထတီးလိုက်တာတွေကို မျက်စိနဲ့ရော နားနဲ့ပါ ကြားနေရပါတယ်။ တရားဟောတယ်ဆိုတာ မြင်တာကြားတာကို ဟောပေါ့လို့လျှောက်ထားတဲ့
အလှူ့ဒကာကြီး ဦးမှုန်ရဲ့စကားအတိုင်းပဲ ဟောရတော့မှာပေါ့လေလို့ စဉ်းစားရင်း
ပလ္လင်ပေါ်ကို တက်ထိုင်လိုက်ပါတယ်။
အဲ့ဒီနောက် တရားနာပရိသတ်က သြကာသကန်တော့ကျိုးနဲ့ ရှိခိုးတဲ့အခါ ကန်တော့ကျိုးအဆုံးမှာ
နိဗ္ဗာန် မဂ်ဖိုလ်ရပါစေသော်ဟူ၍ ဆုတောင်းနေတဲ့အသံကိုပါ ကြားရတာမို့
ဘုန်းကြီးဇောက တရား နာပရိသတ်ကို တရားဟောလိုက်ပုံက-
ငါ့ကျောင်းကထွက် ပုရွတ်ဆိတ်အုံချီ
သမင်နှစ်ကောင် ချိုချင်းယှက်
ဖားကွပ်ကွပ်မြည်။
ညည်းဟာလားအေး၊ ငါ့ဟာလားအေး
ငခွေးတို့သားအဖ နွားပျောက်ရှာသည်
အောက်အီးအီးအွတ်
တောက်တောက်ဗြုန်း
နိဗ္ဗာန်ရလိုပါစေသော်ဟူ၍
ဆုတောင်းလိုက်ကြကုန်သတည်း”တဲ့။
ဘုန်းကြီးဇောရဲ့ မြင်ရာကြားရာကို ဟောတတ်ပုံကို ဒကာကြီး ဦးမှုန်ကြားတဲ့အခါ
“အမလေး ဟောတတ်လိုက်တာ ဟောတတ်လိုက်တာ၊ ငခွေးတို့သားအဖတောင်ပါသေးတယ်၊
သာဓုပါဗျား သာဓုပါလို့ ကပျာကရာ ခေါ်ဆိုလိုက်ရင်း
ရေစက်သွန်ချ၍ အမျှဝေလိုက်ပါတော့တယ်။
daboedway

ဆက်ဖတ်နိုင်သည်...