ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

ဆက်ဖတ်နိုင်သည်...

လှေငယ်ရှင်ရဲ့ဇွဲ


လှေငယ်ရှင်ရဲ့ဇွဲ


အမြင့်ပျံဖို့ကြိုးစားရင်း
ငါ့တောင်ပံတစုံကြိုးခဲ့ပေါ့။





ကြိုးပဲ့တောင်ပံတစုံနှင့်
ပင်လယ်တဖက်ကမ်း


ငါဘယ်လျိံသန်းမလည်
တောင်ပံအသစ်ငါ့အတွက်ဖြစ်စေ
လွဲမှားဆန္ဒ ငါမတောင်းတအပ်ပါ။


ရေငံပင်လယ်၊ ချိုစမ်းဟယ်ဟု
ဆန့်ကျင်သမှု၊ ငါမပြုတော့။



ကမ္ဘာကြီးလည်တာရပ်ဖို့
မေတ္တာရပ်ခံလို့


အချိန်ကုခံတော့ပါ။

မုန်တိုင်းထန်နေတဲ့
ဘဝပင်လယ်ကို
သည်းခံခြင်းလှေငယ်နဲ့...ငါကျော်ဖြတ်တော့မယ်။ ။

ဥက္ကာဦးသက်


ကဗျာပေးပို့လာသူ ဥက္ကာဦးသက်အားကျေးဇူးတင်ရှိပါသည်။

ဆက်ဖတ်နိုင်သည်...

Read Carefully and think about it.

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖသုံးယောက်ရှိလေသတဲ့...
တစ်နေ့မှာ သားလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီဖေဖေရယ်။

တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ၊ ပန်းလှပါရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ပြဿနာတစ်ခု က ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သားတော့ စိတ်ညစ်တယ်၊ လူတောင်ဆက်မလုပ်ချင်တော့ဘူး၊ ဘာညာ စသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။

သားကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့သာီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေက ပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။

ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို ဒီတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှမပြောဘူး။
သားလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆို အကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကိုသိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။

ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သားဘက် လှည့်ပြီး မေးလိုက်တယ်။

"ကဲ...သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ..."
"မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ" သားက အဲလိုဖြေလိုက်တော့ ဖအေက သားကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်။ သားက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ထိုးကြည့်လိုက်ပြီးတဲ့နောက် "ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ..." လို့ပြောလိုက်တယ်။
ဖအေက သားစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကိုယူပြီး သားကို ခွဲခိုင်းပြန်တယ်။ အပေါ်က အကာကို ခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေကခိုင်းလိုက်ပြန်တယ်။ သားလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန် မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။

"ဖေဖေ ဘာကိုပြောချင်တာလဲဟင်..."

လက်ဖက်ရည်ကြမ်းကို အရသာခံရင်း သားက မအောင့်နိုင်တော့ဘဲ မေးလိုက်မိရပါတော့တယ်။
ဖအေကရှင်းပြတယ်။

"မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်ပြုတ်ခံရတာချင်းတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သားရဲ့။ မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်။ အဲ... ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ... ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး၊ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။"

" အပေါ်ခွံပါးပါးလေးက အရည်ကြည်ပျော့ဖတ်ဖတ်လေးကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲဒီ့ ပျော့အိအိအတွင်းသားတွေ အားလုံးမာကုန်တာပဲ မဟုတ်လား သားရဲ့။ အေး... လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီ့ပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ်... ကဲ...အဖေ့သားကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်း ရင်ဆိုင်ကြရတာပဲ သား။ အဲဒီ့ လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သားက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လိုတုံ့ပြန်မလား၊ သားဘာသာ စဉ်းစားပေတော့ကွယ်..."

စာဖတ်သူ ကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့၊ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေ နွမ်းရိပြီး အားကုန်သွားမယ့် လူမျိုးလား။


ဒါမှမဟုတ် ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ချွတ်ခြုံကျတာကို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့... လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီးဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူများ ဖြစ်နေမှာလား။

ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ၊ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။

ကဲ.လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။စာဖတ်သူဟာ လူမုံလာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား?အားလုံးကိုခင်မင်လေးစားလျှက် ရွှင်လန်းချမ်းမြေ့ပါစေ။
တဘိုးဒွေး

ဆက်ဖတ်နိုင်သည်...

Wollongon Trips

ဆက်ဖတ်နိုင်သည်...

Saw Ehmin&Nant Margale's wedding ceremony

ဆက်ဖတ်နိုင်သည်...

၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု


လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။

သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီး တစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင်ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့်အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။

လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်ကမီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှုအဖြစ် ဥရောပနှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။


အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင်ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။


ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။ ၄င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင် အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင်ဓါတ်ရောင်ခြည် မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည်ဟု ဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။

ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင်တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ်ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့်လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။

မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။ Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟုအားပေးစကားလည်းပြောကြားခဲ့သည်။

လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်မှု များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr က လည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များကကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်" ဟု သတိပေးစကား ပြောကြားခဲ့သည်။

ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာ နိုင် သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်းခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေပြောင်း လဲ မှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တများနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ် နေကြ မည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။
(တဘိုးဒွေး)

ဆက်ဖတ်နိုင်သည်...

လိုနေတာဓမ္မ

လိုနေတာဓမ္မ
ကျနော်လူ
ဒါပေမယ့်.....ပူနေတယ်လေ။

အေးမယ်ဆိုတဲ့အကြောင်း
ငြိမ်းမယ်ဆိုတဲ့ဇတ်ကြောင်း
ကျနော့ရဲ့အပူကို.....
လူသားများ ပြောင်းမပေးနိုင်ဘူးလား?။

(မယ်လ)ရွှေမြင့်

ဆက်ဖတ်နိုင်သည်...

စင်္ကြာဝဠာထဲတွင် သက်ရှိများနေထိုင်သော ကမ္ဘာအရွယ် ဂြိုဟ် ၅ ခု နာဆာမှ တွေ့ရှိ

နာဆာ သိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် ၅ ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေငြာလိုက်သည်။ နာဆာရဲ့ Kepler တယ်လီစကုတ် ကနေ စကြာင်္ဝဠာ

နဂါးငွေ့တန်းကြီးထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံ အရွယ်အစားတူ ဂြိုဟ် ၅ ခု တွေ့ရှိသည်ဟု ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။

ထိုဂြိုဟ် ၅ ခုမှာ ၄င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင်ရှိသောကြောင့်၊ ရေနှင့် အရည်များ ရှိမှာ ဖြစ်ပြီး၊ သက်ရှိ ရှင်သန်နိုင်မည့် ဇုံနယ်နမိတ်ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိဖွဲ့စည်းဖို့ အတွက် အဓိကလိုအပ်ချက်များ ဖြစ်သည်။

နာဆာ (NASA) အာကာသလေ့လားရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ၊ စိတ်ကူးယာဉ်ကြည့်တာကနေ တကယ်ဖြစ်လာတာ” ဟု သတင်း ဌာနများကို ပြောခဲ့သည်။

ထို ကမ္ဘာဂြိုလ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက်နိုင် အောင်ပါပဲ” ဟု ပြောသည်။

Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက်မြင်ရတာတော့မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်းဖြစ်ပြီး၊ နေကြယ်ရဲ့ ပတ်လမ်းကြောင်းများတွင် မှုန်မှုန်မွှားမွှား ရွေ့လျားနေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။ ၄င်း ဂြိုဟ် ၅ခု ပတ်နေသော နေကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။

နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ သူတို့ နောက်ထပ် တွေ့ရှိချက် တွေမှာ ထိုဂြိုဟ် ၅ခုပေါ်တွင် ဘယ်လို သက်ရှိတွေ နေထိုင်သလဲ၊ ဒုက္ခသည်တွေရှိသလား၊
ကြွေးမြီတွေရှိသလား၊ မူဘာရခ် လို သတ္က၀ါတွေ ရှိနိုင်သလား၊ အလုပ်လက်မဲ့တွေရှိ သလား၊ ကိုယ့်ကိုယ်ကို မီးရှို့သူရှိလား၊ ဆန္ဒပြသူတွေရှိသလား၊ ဆန္ဒပြရင်း အချင်းချင်း ကျောက်ခဲများနဲ့ ပစ်ပေါက်ကြသလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။
တဘိုးဒွေး::

ဆက်ဖတ်နိုင်သည်...

ဟိမ၀န္တာတောင်ထိပ်က တောင်ဆိတ်တွေ...



ပြောယင်တော့ ယုံနိုင်ဖွယ်တောင်မရှိပါဘူး...ဒီတောင်ဆိတ်တွေအကြောက်အလန့် မရှိ တောင်ခါးပန်းတွေ
ကိုခုန်ကူးတာများ...
သဘာဝကပေးတဲ့ အစွမ်းသတ္တိရဲ့ အံ့ သြချက်ကတော့ ကမ်းကုန်ပါပဲ...
တဘိုးဒွေး:

ဆက်ဖတ်နိုင်သည်...