Burma Tradition Sport Show At kandawgyi palace hotel
ဘလော့များ
မယ်လချစ်သူများ စာရေးသားနိုင်ကြပါသည်။
ဧည့်မှတ်တမ်း။
ယနေ့ချစ်မိတ်ဆွေ
Blog Archive
အဖေ့ဆုတောင်း
Download့ 
ငယ်ချစ်ဦး
အေးအတူပူအမျှ
Burma Tradition Sport Show At kandawgyi palace hotel
ဒုက္ခသည်၏သုခဘုံ
ပီဘိဒုက္ခပါ/
ပီဘိဒုက္ခပါ။
ပီဘိဒုက္ခပါ။
ပီဘိဒုက္ခပါ။
ပီတိသုခပါ။
ပီတိသုခပါ။
ပီတိသုခပါ။
ပီတိသုခပါ။
ဘာဆိုဘာမျှ၊ နှလုံးသားက
လုပ်မရရှာ ဒုက္ခသည်ပါ။
အားလုံးနီးမျှ၊ နှလုံးသားက
လုပ်လိုက်နိုင်တာ သုခသည်ပါ။
ဒုက္ခထွေထွေပေါင်းစုဝေးရာ
ကျနော်တို့ဒုက္ခသည်ပါ။
တင့်တင့်တယ်တယ် တောင်ပံလွှာအလှတွေနှင့်
ရဲရဲရင့်ရင့်၊ လွတ်လွတ်လပ်လပ်
မရပ်မနားတဖျတ်ဖျတ်။
ယုတ္တိဗေဒ
. တိုင်းပြည်တစ်ပြည်က ဘုင်ရင်ကြီးက ယုတ္တိဗေဒ ပညာရှင်အမတ်ကြီးကို ပြောပါတယ် ”လူတွေအားလုံးလူလိမ်တွေ” ပဲတဲ့ ဒါကို ပညာရှိအမတ်ကြီး က ရှင်ဘုရင်ကြီး ပြောတဲ့ ”လူတွေအားလုံးလူလိမ်တွေ” ဆိုတာ မှန်တယ်လို့ ယူဆကြပါစို့ ရှင်ဘုရင်ကြီးကလည်း လူသားတစ်ယောက် ဖြစ်နေတဲ့ အတွက် လူလိမ် ပါပ၊ဲ လူလိမ်ပြောသော စကားဟာ မမှန်ပါဘူး ဒါကြောင့် ”လူတွေအားလုံးလူလိမ်တွေ” ဆိုတာ မှားပါတယ် လို့ပြန် ဖြေပါတယ်။ ပညာရှင်အမတ်ကြီးရဲ့ ဖြေရှင်းချက်က ဘယ်လောက်ကောင်း လိုက်သလဲဗျာ၊ သာမန်ကြည့်ရင်တော့ ဘာမှ မဟုတ် သလိုပါပဲ ဒါပေမယ့် သူဖြေကြားပုံက တမူထူးခြားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဓိကဖြေချင်တာက ”လူတွေအားလုံးလူလိမ်တွေ” မဟုတ်ပါဘူး လို့လေ သို့ပေမယ့် အရင်ဆုံး မှန်တယ်လို့ ယူဆပြီးမှ မှားတယ်လို့ လက်ခံနိုင်အောင် ပြန်လည် ဖြေရှင်းထားခြင်း ဖြစ်ပါတယ်။ ရှင်ဘုရင်ရဲ့စကားကို မှားတယ်လို့တန်းပြောလို့ မရဘူးလေ မှားနေတယ်ဆိုတာကို သူလက်ခံ လာအောင် ကျိုးကြောင်းဆီလျှော်စွာ ပြောဆိုဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။
daboedwe
ဥယျဉ်မှုး၏ရင်လှိုင်းခတ်သံ
အဝေးကိုခွာ၊ သံသရာ
ကမ္ဘာဆုံးဖွင့်၊ ရွက်ကုန်လွင့်နိုင်သူလေ။

အကြင်နာပွား၊ ရင်ဝယ်သားကဲ့
သနားထိထိ၊ ငုံ့ကာကြည့်နေတတ်သူလေ။

အသာလိုက်ခဲ့၊ ချစ်တဲ့ဟန်ပြင်
ကျုပ်ဘဝင်ကို လှုပ်ခတ်တတ်သူလေ။

ချစ်ရွှေလမင်း၊ ရောင်ဝါလင်းခမျာ
ချစ်ခြင်းမတူ၊ စိတ်မတူလို့
တူရူပြေးလွှားနေရော့သလား။

မနှေးကြိုးစား၊ လုံ့လများတင်
အမှားပြင်ဆင်၊ အမှန်ခင်ကာ
သံစဉ်တွေညှိလို့နေတုန်းဝယ်။

ဘာတွေစတေး၊ ကျုပ်ပေးဆပ်ရ
ကလေးတွေကို၊ ငဲ့ညှာပိုအုံး
လူဖြစ်ရှုံးကြ၊ လူလုံးမလှရှာ
သြော်…..ဌာနေမဲ့ စစ်ကျွန်အရေးများ။

ဘာတွေမှားယွင်း၊ အံဝင်ခြင်း
လွတ်ကင်းနေလိမ့်၊ ငြင်းနေလိမ့်နော်။

အမှောင်ခွင်းလှည့်၊ မြန်းလာခဲ့စေ
လွမ်းဖွဲ့မျှော်သူ၊ ကျုပ်ပြည်သူများ
ပန်းတံတားခင်း၊ လမ်းများရှင်းထားမယ်
မြန်လာကွယ် ငြိမ်းချမ်းရေးတရားများရယ်။

ရှာရှာဖွေဖွေ၊ ပန်းပျိုးနေတုန်း
အမောဖုံး၊ နှလုံးသားစုံစုံ
“ကြက်တခုန် ကြွေတလက်”
သက်ငုံတွေဝေ၊ ဖူးကာစွေရင်း
ကြွေလိုက်တိုင်း မြေခတိုင်းမှာလေ။

မေတ္တာရှင်ရေ၊ အရှင့်ခြေတော်ရင်း
ဝပ်စင်းကာငို၊ သစ္စာဆိုကာ
ဂြိုလ်ပြေနာမ်ပြေ၊ စိတ်ကိုဖြေလို့
စနေဒေါင့်ဝယ်၊ ပန်းလှူမယ်လေ
ဝဋ့်တွေကြေစေ ကြွေးကြေစေကွယ်။ ။
မှတ်ချက်။ ။(မထွေးလေး)ရွှေစွန်ညိုကစားတမ်းမှဖြစ်သည်။ ညီအစ်ကိုတတွေ ပြန်လည်စည်းလုံး
ညီညွတ်ဖို့ ကြိုးစားရှာဖွေ နေမှုများကို လိုက်လေဝေးလေ လရိပ်လေးနှင့်ယှဉ်တွဲပြီး ဤကဗျာလေးကို
စပ်ဆိုထားပါသည်။ ကြွေလွင့်သွားကြရှာသော ပန်းပျိုးသော ဥယျဉ်မှုးကောင်းသဖွယ်ဖြစ်သော ကရင့်အာဇာနည်သူရဲ့ကောင်းများကို ဦးညွတ်လျက် သြဂုတ်လ (၁၂)ရင်နေ့တွင်ကျရောက်မည့် နှစ်
(၆၀)မြောက် အာဇနည်နေ့ကို ဤကဗျာလေးဖြင့် မှတ်တမ်းတင်အပ်ပါသည်။
ပါပီမသို့ကဗျာတပုဒ်
တိမ်ညိုရိပ်တွေဆင်
ဇွန်မိုးဝင်လာပြန်ပြီပေါ့
ရောက်တော့မယ်လေ “ခြည်ဖြူပွဲ”
သူလဲပြန်လာလိမ့်နိုးနိုးနဲ့။

တခါဆီက ပါပီမရေ……
ဒီရာသီနဲ့အတူပြန်လာခဲ့နော်
အဖော်၊ငယ်ကြွမ်းတွေအတူ
ဒီခြည်ဖြူဖွဲ့ပွဲမှာပြန်ဆုံဖို့
မျှော်လို့ကြိုနေကြပြီလေ။

မင်းပြန်လာကောက်မလားတဲ့
ငါနဲ့အတူမျှော်နေကြပေါ့ကွယ်။

ကရင်မှကြင်နာမယ်ဆို
ချိုသာခဲ့စကားများ
လွင့်ပါးကာ မင့်အနားကခွာ
ဘယ်ကမ္ဘာများရောက်လို့နေပါလိမ့်။

မင်းချစ်တဲ့ မင့်လူမျိုး
မင်းရိုးရာဓလေ့
မမေ့ပစ်လိုက်နဲ့နော်
မှော်ရုံနဲ့မာယာကြား
အန္တရာယ်များလှတယ်
လာကွယ် ဘေးရန်ကာဆီး
ခြည်ဖြူစည်းကြစို့။

ပလူးလာ.. ပလူးလာ.. ဂယ့်ထိုင်(ဟှယ့်ထါင်)
ငါကိုယ်တိုင်ခြည်ဖြူမျှင်နဲ့
မင့်ရဲ့လက်မှာ ချီပေးချင်နေ
မင်းဝိညာဉ်တွေလန်းဖို့လေ။

ခဲမှန်ဖူးခဲ့ပေမဲ့လည်း
ကြင်နာဆဲအမျိုးသားအသိနဲ့
ငါ….ဝိုးတဝါးကြည့်ကာနေလိုက်မယ်ကွယ့်
မင်းပြန်လာခဲ့တော့ပါပီမ။
ခြင်းလုံး ကစားခြင်း
ခြင်းလုံး ကစားခြင်း
ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်
လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေဖြင့်
ခတ်ကစားရသော ကစားနည်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်
ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ်
ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊
ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။ ဤကစားနည်းသည် ပူး
ပေါင်းဆောင်ရွက်မှုမျိုး၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း
ပါဝင်ဖွဲ့စည်းနေသည်။
[ပြင်ဆင်ရန်] ။===ခြင်းလုံး===
ဝိုင်းခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ၀ါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်း ရွက်နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ၀ိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။
ဝိုင်းခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်း
လုံး၏ ကြိမ်တွေအကြားမှာ ၀ါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို
အိုးတစ်လုံးထဲတွင် မန်ကျည်း ရွက်နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထို
ကဲ့သို့ စီမံထား သော ခြင်းလုံးက ၀ိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့်
ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။
ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။
[ပြင်ဆင်ရန်] စတင်ပေါ်ပေါက်လာပုံ
ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြ
ဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ
ဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှု
များလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်း
လက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန်
ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။ ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုး
ကို ခါးတောင်းမြောင်အောင်ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ
နောက်ပိုင်း သာမန်ပြည်သူအများကြားတွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေ
အေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။
ကမ္ဘာ အနောက်နိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ
အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ
စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျှင်မြန်ဖြတ်
လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်း
အကြား ရင်းနှီး ဆက်ဆံ အပေးအယူပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံး
ကို တေးဂီတနှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာမြောက်စွာ တင်ဆက်နိုင်မှု
အပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့်
ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါ
သည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။
မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကို
လည်း အမျိုးသားရေးလက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။
၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ်သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်
လည်း ခြင်းလုံးအသင်းများ ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး
နောက် ခြင်းလုံးကစားနည်းက အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅၀ ခုနှစ် များ
နှင့် ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက
ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း
သွားရောက် ပြသခဲ့ပါသည်။
[ပြင်ဆင်ရန်] အခေါ်အဝေါ်များ
ခြင်းရိုး၊ ခြင်းလတ်၊ ၀ိုင်းခြင်းခတ်ပွဲ၊ ဘေးဖနောင့်၊ နှစ်ထပ်ခြေဖျား၊ နှစ်ထပ်ခြေခွင်၊ ဖီလာ
ဖနောင့်၊ ခြေခွင်၊ ခြေဖျား၊ ဒူး၊ ဖ၀ါးတို့ပဲ ဖြစ်ကြသည်။ ခြင်းယိုင်အလှခတ်များ ဖြစ်သော
စလွယ်၊ မဟာ၊ မဟာညွန့်၊ ဂုမ္ဘာဏ် အစရှိသည်တို့ကို တွေ့ရသည်။ ခြင်းခတ်ကစားခြင်း
ကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော
သူကို ခြင်းမင်းသားဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်
ပေးနိုင်သော သူကို ခြင်းထောက်ဟု ခေါ်သည်။
[ပြင်ဆင်ရန်] ခြင်းကြီး ၁၀ မျိုး
ခြင်းကြီး ၁၀ မျိုးကတော့ မဟာ၊ မဟာဒူး(ဂုမ္ဘာဏ်)၊ ၀ိုက်ကြီး၊ စလွယ်ကြီး၊ တည့် ဖ၀ါး၊
တည့်ဖနောင့်၊ မဟာ ညွန့်၊ ညွန့်ဒူး၊ နဂါးပတ်ဖ၀ါး၊ နဂါးပတ်ဖနောင့်တို့ ဖြစ်သည်။ ခေတ်
ဆန်းခြင်း ပေါက်များမှာ သမင်လည် ပြန် ဖနောင့်၊ မြင်းစီးဖနောင့်၊ လျှပ်ဒူး၊ မန္တလာခြေဖျား၊
လေ၀ဲ စသည်တို့ဖြစ်သည်။
[ပြင်ဆင်ရန်] ပညာရှင်များ
မြန်မာအမျိုးသား ခြင်းအကျော် ၀ိဇ္ဖာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊
လက်ကိုသုံး၍ ပုံအကျခတ်ပြနိုင်မှသာလျှင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်”
ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထိုအမျိုးသမီး
ငယ်မှာ စုစုလှိုင် ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူး
နေပေသည်။--Mayor mt 07:39, 28 နိုဝင်ဘာ 2008 (UTC)