ဘလော့များ
မယ်လချစ်သူများ စာရေးသားနိုင်ကြပါသည်။
ဧည့်မှတ်တမ်း။
ယနေ့ချစ်မိတ်ဆွေ
Blog Archive
အဖေ့ဆုတောင်း
Download့ 
ငယ်ချစ်ဦး
အေးအတူပူအမျှ
၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု

လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။
သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီး တစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင်ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့်အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။
လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်ကမီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှုအဖြစ် ဥရောပနှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။
အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင်ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။
ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။ ၄င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင် အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင်ဓါတ်ရောင်ခြည် မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည်ဟု ဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။
ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင်တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ်ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့်လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။
မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။ Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟုအားပေးစကားလည်းပြောကြားခဲ့သည်။
လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်မှု များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr က လည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များကကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်" ဟု သတိပေးစကား ပြောကြားခဲ့သည်။
ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာ နိုင် သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်းခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေပြောင်း လဲ မှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တများနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ် နေကြ မည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။
(တဘိုးဒွေး)
လိုနေတာဓမ္မ
စင်္ကြာဝဠာထဲတွင် သက်ရှိများနေထိုင်သော ကမ္ဘာအရွယ် ဂြိုဟ် ၅ ခု နာဆာမှ တွေ့ရှိ
နာဆာ သိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် ၅ ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေငြာလိုက်သည်။ နာဆာရဲ့ Kepler တယ်လီစကုတ် ကနေ စကြာင်္ဝဠာ
နဂါးငွေ့တန်းကြီးထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံ အရွယ်အစားတူ ဂြိုဟ် ၅ ခု တွေ့ရှိသည်ဟု ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။
ထိုဂြိုဟ် ၅ ခုမှာ ၄င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင်ရှိသောကြောင့်၊ ရေနှင့် အရည်များ ရှိမှာ ဖြစ်ပြီး၊ သက်ရှိ ရှင်သန်နိုင်မည့် ဇုံနယ်နမိတ်ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိဖွဲ့စည်းဖို့ အတွက် အဓိကလိုအပ်ချက်များ ဖြစ်သည်။
နာဆာ (NASA) အာကာသလေ့လားရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ၊ စိတ်ကူးယာဉ်ကြည့်တာကနေ တကယ်ဖြစ်လာတာ” ဟု သတင်း ဌာနများကို ပြောခဲ့သည်။
ထို ကမ္ဘာဂြိုလ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက်နိုင် အောင်ပါပဲ” ဟု ပြောသည်။
Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက်မြင်ရတာတော့မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်းဖြစ်ပြီး၊ နေကြယ်ရဲ့ ပတ်လမ်းကြောင်းများတွင် မှုန်မှုန်မွှားမွှား ရွေ့လျားနေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။ ၄င်း ဂြိုဟ် ၅ခု ပတ်နေသော နေကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။
နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ သူတို့ နောက်ထပ် တွေ့ရှိချက် တွေမှာ ထိုဂြိုဟ် ၅ခုပေါ်တွင် ဘယ်လို သက်ရှိတွေ နေထိုင်သလဲ၊ ဒုက္ခသည်တွေရှိသလား၊
ကြွေးမြီတွေရှိသလား၊ မူဘာရခ် လို သတ္က၀ါတွေ ရှိနိုင်သလား၊ အလုပ်လက်မဲ့တွေရှိ သလား၊ ကိုယ့်ကိုယ်ကို မီးရှို့သူရှိလား၊ ဆန္ဒပြသူတွေရှိသလား၊ ဆန္ဒပြရင်း အချင်းချင်း ကျောက်ခဲများနဲ့ ပစ်ပေါက်ကြသလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။
တဘိုးဒွေး::
ဟိမ၀န္တာတောင်ထိပ်က တောင်ဆိတ်တွေ...
ပြောယင်တော့ ယုံနိုင်ဖွယ်တောင်မရှိပါဘူး...ဒီတောင်ဆိတ်တွေအကြောက်အလန့် မရှိ တောင်ခါးပန်းတွေ
ကိုခုန်ကူးတာများ...
သဘာဝကပေးတဲ့ အစွမ်းသတ္တိရဲ့ အံ့ သြချက်ကတော့ ကမ်းကုန်ပါပဲ...
တဘိုးဒွေး:
သူယောင်မယ်သီး



ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့သြဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။ Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။ မလေးလိုဆိုရင်တော့ Buah လို့ခေါ်တွင်ပါတယ် ။ ဒါဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့အရာတွေအနက် မှာအထူးဆန်းဆုံး အရာတစ်ခုလည်းဖြစ်ပါတယ် ။ ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ လောက်ကွာဝေးတဲ့ Petchaboon စီရင်စုမှာ တကယ့် သူယောင်မယ်သီးတွေသီးတဲ့ သစ်ပင်တွေကို သင်သွားရောက်လေ့လာနိုင်ပါတယ် ။
သူငယ်ချင်းများအားလုံးကိုအမြဲသတိရနေလျှက်
တဘိုးဒွေး
