ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

ပြတ်ရွေ့ခြင်း


တလှမ်းခြင်းလှမ်း၊ ဖြတ်သန်းကြရင်း
ဖောက်ထွင်းကျော်တက်၊ လျှက်တပျက်၌
အကွေ့ဝိုက်တွင်၊ များမျှော်မြင်ရင်း
ကံခြင်းမတူ၊ မငြူစူပဲ
စိတ်စွဲဖျက်ချေ၊ တွေဝေမဆိုင်း
အချက်တိုင်းမှာ၊ လေးနက်စွာဖြင့်
အခွင့်ရေးတွက်၊ ဖြတ်ထိုးညဏ်ကူ
လုယူကြသူတွေလည်းရှိတယ်။

ဘဝတကွေ့၊ ပြတ်အရွေ့မှာ
မိမိသာလျှင်၊ ပဲ့ကိုင်ရှင်ဖြစ်
ရာစုနှစ်တွေ၊ ဖြတ်ကျော်နေရင်း
မျှော်လင့်ခြင်းတွေ၊ မသေမခြာ
မရေရာလည်း၊ "ကျွဲ့ကူးရေပါ"
အချိန်ခါထောက်၊ စိုးကြောက်ကြလျှက်
ဘေးထွက်ပွဲကြပ်နေသူတွေလည်းရှိတယ်။

ယာယီခေတ္တ၊ ဤလောက၌
ကြုံကြိုက်ခြင်းသာ၊ စိတ်မှာထားပြီး
ခေတ်ရေစီးတွင်၊ ပျော်ဝင်ခြင်းမှ
ဒသနဝင်၊ ဆင်ခြင်ဆုံးဖြတ်
လွတ်လပ်စွာတွေး၊ ဘယ်အရေးတွတ်
စွက်ဖက်မသက်ဆိုင်သူတွေလည်းရှိတယ်။

တို့အနာဂါတ်၊ တို့မျိုးဆက်တွေ
လွတ်မြောက်စေဖို့၊ အတ္တကိုယ့်ကျိုး
မမျှော်ကိုးရင်း၊ စွန့်လွှတ်ခြင်းဖြင့်
မြင့်မြတ်တင့်တယ်၊ ရည်ရွယ်ရာလမ်း
လျှောက်လှမ်းနိုင်အောင်၊ ရှေ့ဆောင်ဖောက်ထွတ်
ပေးဆပ်နေသူတွေလည်းရှိတယ်။
(တဘိုးဒွေး)

ဆက်ဖတ်နိုင်သည်...

စနစ်ဆိုးအောက်မှာလူတွေဘာဖြစ်ကုန်ကြပြီလဲ


တန့်ကြည်တောင် ရိပ်သာ
လူတွေမှာ Outlet မရှိတဲ့ပြသနာပေါ့။ မှန်ကန်တဲ့ စိတ်ထွက်ပေါက် အပန်းဖြေမှုတွေ လိုအပ်နေတာကို ပြနေတယ်။ ရုရှားမှာ ရပ်စပြူတင်က လူတွေရဲ့ မွန်းကြပ်မှုကို အခွင့်ကောင်းယူပြီး အသုံးချခဲ့တာတွေရှိတယ်။ ဒီလိုမျိုး တရားပြမှုတွေပေါ့။ မဖြစ်သင့်တာတွေပါ။ လူတွေ သနားဖို့ ကောင်းပါတယ်။ မလိုလားအပ်တဲ့ ချုပ်တီးမှုတွေ (ဘာသာရေးအစွန်း၊ အမျိုးသားရေးအစွန်း) တွေက ဒီအခြေအနေကို ရောက်စေတာပါ။ Hallucination ဖြစ်ကုန်တာပေါ့။

ဆက်ဖတ်နိုင်သည်...

စိတ်စေရာ

စိတ်စေရာ
ကိုယ့်ခံစားချက်၊ တွေးဂရက်၌
စူးစိုက်အာရုံ၊ ကိုယ်တွေ့ကြုံမှ
ဘဝရသ ၊နိယာမဟု
မှတ်သိပြုရင်း၊ ရင်တွင်းဆန္ဒ
ခဝါချကာ၊ မာယာကွေ့ကောက်
ဖြေဖျောက်သိသည်၊ မိမိကိုယ်သာကိုးကွယ်ရာမို့။။။။။။

ကိုယ့်ခံယူချက်၊ အဆုံးဖြတ်ပဲ
စွဲမြဲခိုင်လျှက်၊ ယုံကြည်ချက်ဖြင့်
ရှေ့ဆက်လျှောက်မည၊် "ဘာမထီ" ဟု
ယခုချက်ခြင်း၊ အားမာန်သွင်းလျှက်
လုံးလသက်သေ၊ စိတ်နေကိုမြှင့်
မျိုးဂုဏ်တင့်ရေး၊ ကိုယ်တိုင်သွေးလျှက်
မျှော်မှန်းချက်ဖြင့်၊ စိန်တပွင့်ဖြစ်လာဖို့။။။။။

ကိုယ့်ရည်ရွယ်ချက၊် ဖြည့်စွက်အမြင်
တွေးထင်ကြံဆ၊ အထမြောက်အောင်
ရှေ့ဆောင်အလင်း၊ ဆန္ဒရင်းမှ
ဝီရသတ၊ိ အမြဲရှိသည်
မိမိကိုယ်သာချစ်ဆုံးမို့ ။။။။။
(တဘိုးဒွေး)

ဆက်ဖတ်နိုင်သည်...

လွတ်မြောက်ရာ


တစ်နေ့တစ်ခါရောက်မယ်ဆို
စိတ်မှာကူး.....။
မေ့လျော့ကာ၊ မရောက်ဘူးထင်ပါနဲ့။

စိတ်ကူးတာ၊ အခါခါများရင်ဖြင့်
ရောက်မှာကွယ်၊ တကယ်ပွားပါလိမ့် တားမရဘူး။

သြော် တရားဓမ္မ၊ အထူး...........................။ ။
မယ်လရွှေမြင့်
မြန်မာပြည်သူပြည်သားအားလုံးသို့။

ဆက်ဖတ်နိုင်သည်...

ဆက်ဖတ်နိုင်သည်...

သစ်ဆိုးပင်

သစ်ဆိုးပင်
(လင်္ကာဒီပ)
နွေဆိုလည်း နွေမို့လို့ပါ
ဆောင်းမှာဆိုလည်းတမျိုး
မိုးမှာဆိုလည်းတဖုံ
ရာသီစုံ ထိတ်လန့်ရခြင်းနဲ့
ငြိမ်းချမ်းမဲ့ဘဝတွေ
ပြေးနေရတာလည်း မောလှပြီ
ဒီမဟာရူး ဘုရင်ရူးတွေကြောင့်ပေါ့။

စစ်အာဏာရှင် သစ်ဆိုးပင်ကြမ်း
မှောင်ခန်းလက်မည်း ဖုတ်ငရဲကို
ဖြိုမလို့အသိ မထိတထိနဲ့
သတိလက်လွတ် ဒေါသလွှတ်ကာ
စိတ်နာရုံလေး နာကျည်းတွေးမျိုး
တခက်ချိုး နှစ်ခက်ချိုး
တချက်ထိုး နှစ်ချက်ခုတ်ရုံကွယ်
ရှင်လွယ်ပင်ဆိုး စနစ်ဆိုးအား
ပျောက်သွားဘယ်လို ချေမှုန်းနိုင်မှာတုန်း။

ငါယုံတယ် မင်းကို
ပျိုရွယ်စိုနစ်ခဲ့
ထက်မြက်တဲ့ ဥာဏ်စွမ်းအား
ခွန်အားအသီးအပွင့်များမှာ
ရဲရင့်ကာ အလှည့်ကျ
ကနွဲ့ကလျ ရှောင်မပြေးဘူးဆိုတာတွေ။

ပူးပေါင်းဆောင်ရွက်မှု
ဂရုပြုအလေးထားစရာ
တာဝန်နဲ့ ဝတ္တရား
ခွဲခြားမြင်နိုင်တဲ့ အမှားအမှန်သဘော
စစ်ကြောသုံးသပ်တဲ့ စွမ်းရည်စစ်
မျိုးဆက်သစ်တို့ရေ…..
အခြေအနေဆိုးကောင်းလှိုင်းဂယက်
မင်းရဲ့လက်ထဲမှာ
တို့အနာဂတ်တွေ ရှိတယ်ဆိုတာ မမေ့လေနဲ့။

ဘုံရန်သူ ဗဟိုယူကာ
ရှင်သန်ရာ ရေသောက်မြစ်မကျန်
ထုတ်ပစ်ရန် တူးဖော်ကာ
လှဲကာဖြိုချရမှာမို့
ဝိုင်းကြပါလှည့် ညီညွှတ်စွာရယ်
ပတ်လည်တဝိုက် စက်စွယ်စိုက်ရစ်
အမြစ်မှကလော် ညာသံခေါ်လို့
ငါတို့ စုပေါင်းတွန်းလှန်လှဲဖြိုချကြပါစို့။ ။

ဧပြီလ ၂၁ရက်၊ ၂၀၁၁ခုနှစ်

ဆက်ဖတ်နိုင်သည်...