ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

လှေငယ်ရှင်ရဲ့ဇွဲ


လှေငယ်ရှင်ရဲ့ဇွဲ


အမြင့်ပျံဖို့ကြိုးစားရင်း
ငါ့တောင်ပံတစုံကြိုးခဲ့ပေါ့။





ကြိုးပဲ့တောင်ပံတစုံနှင့်
ပင်လယ်တဖက်ကမ်း


ငါဘယ်လျိံသန်းမလည်
တောင်ပံအသစ်ငါ့အတွက်ဖြစ်စေ
လွဲမှားဆန္ဒ ငါမတောင်းတအပ်ပါ။


ရေငံပင်လယ်၊ ချိုစမ်းဟယ်ဟု
ဆန့်ကျင်သမှု၊ ငါမပြုတော့။



ကမ္ဘာကြီးလည်တာရပ်ဖို့
မေတ္တာရပ်ခံလို့


အချိန်ကုခံတော့ပါ။

မုန်တိုင်းထန်နေတဲ့
ဘဝပင်လယ်ကို
သည်းခံခြင်းလှေငယ်နဲ့...ငါကျော်ဖြတ်တော့မယ်။ ။

ဥက္ကာဦးသက်


ကဗျာပေးပို့လာသူ ဥက္ကာဦးသက်အားကျေးဇူးတင်ရှိပါသည်။