ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

အခွင့်အရေး

အခွင့်အရေး

မိုးရွာတုန်း
ရေခံ။

လသာတုန်း
ဗိုင်းငင်။

ရှေးယခင်က၊ ဆိုထုံးစကား။

ဈေးသုံးလည်းမလွယ်နဲ့
မွဲတတ်သတဲ့။

ရှေးထုံးလည်းမပယ်နဲ့
လွဲတတ်သတဲ့။

မင်းဘဝမှာ.....
မိုးရွာနေပြီ
ရေခံလေတော့၊ ပျိုမေကြော့။

မျက်နှာအမော့မှာ.....
လသာနေပြီ
ဗိုင်းငင်လေတော့၊ ပျိုမေကြော့။

(မယ်လ)ရွှေမြင့်