ဘလော့များ
မယ်လချစ်သူများ စာရေးသားနိုင်ကြပါသည်။
ဧည့်မှတ်တမ်း။
ယနေ့ချစ်မိတ်ဆွေ
Blog Archive
အဖေ့ဆုတောင်း
Download့ 
ငယ်ချစ်ဦး
အေးအတူပူအမျှ
ရဲဘော်သူငယ်ချင်းသို့
မပြင်းထန် မှေးမှိန်နောက်ကျိ
အိပဲ့အိပဲ့နဲ့ နင့်ရဲ့နှုတ်ဆက်နေခြင်းမှာ
ဝမ်းနည်းစွာ နှမျောနေစဉ်
ငါ့ကျောပြင်ထက်က နင့်ခြေရာများ
ထင်ရှား ကျန်ရစ်နေတုန်းပါ သူငယ်ချင်း။
အခုတော့လေ
အစွမ်းတွေရှိသော်လည်း
တလွဲမှား အတွေးအခေါ်တွေနဲ့
ခွဲခွာသွားတဲ့နင့်ကို
အလိုလို ငါ အံ့သြမိတယ် သူငယ်ချင်း။
အနာဂတ်မဲ့နေတဲ့ဘဝ
မဝရေစာနဲ့ သေရမဲ့ရက်ကို
ငိုခြင်း ထိတ်လန့်ရခြင်းတွေနဲ့
စောင့်စားလုံးပါးတဲ့ ငါတို့ရဲ့ဘဝတွေ
နင်လေ…တခါက အံကြိတ်တောက်ခေါက်ကာ
စာနာဖေးမခဲ့ဖူးတယ်လေ။
ငါတို့ဘဝ ဒုက္ခတွေများ
ဆိုးရွားလှလေခြင်း
ဖြစ်ရခြင်းရယ်လို့
အံတင်းပြီးကျခဲ့တဲ့ နင့်မျက်ရည်
ငါလေ…နင့်ကို လေးစားမျှော်လင့်ခဲ့ဖူးတယ်။
တစ်ထောင့်တစ်ညပုံပြင်
ယုံကြည်ချင်စရာကောင်းတဲ့ အပြုအမူ
လူတွေကို လူသားနဲ့တူစေချင်တဲ့
နင့်ရဲ့စေတနာစကား
ငါ…နားထောင် မြင်ယောင်ခဲ့ဖူးပြီ။
ရေဝေး မြေဝေး ဌာနေဝေးရာ
စိတ်တွေပါ ဝေးသွားပြီလား သူငယ်ချင်း
အကျဉ်းကျ ငြင်းမရ
လင်းတလို တို့ဘဝဖြစ်အင်
ထီမထင် နင်ပြုံးရယ်ဖွဲ့
ကျောခိုင်းခဲ့ပြီ ထင်ပါရဲ့လေ။
“အခြားရေအိုး မပြည့်ချင်နေစေ
ငါ့ရေအိုး အရင်ပြည့်လျှံဖို့” အရေး
အတွေးတခုနဲ့ ရုန်းထွက်သွားတယ်
သူငယ်ချင်း…နင့်အပြောနဲ့နင်လည်း
တထပ်တည်း မကျတော့ပါလား။
နင် ကြားစေချင်စမ်းပါသည်
ဒီပတ်ကြား ခရောင်းလမ်းအိုထက်မှာ
ငါဆိုနေတဲ့ အမျိုးသားရေးသီချင်းကို
မျက်ရည်စိုတွေသုတ်ပေးဖို့
လိုနေတာတွေ ကုစားဖို့
တို့တွေအားလုံး သတိရှိရမယ်။
အစွမ်းတွေရှိသော်လည်း နင် မတောင့်
ပန်းတွေရှိသော်လည်း နင် မကောက်
လမ်းတွေရှိသော်လည်း နင် မလျောက်
နန်းပျောက်တဲ့ ပန်းပိတောက်လို
ခမ်းခြောက်သွား မျိုးချစ်မာန်
ဟင်း…နင် ပြန်မလာတော့ဘူးလား သူငယ်ချင်း။
(လင်္ကာဒီပ)
ဇူလိုင် ၁၊ ၂၀၁၁။
လင်္ကာဒီပသည် ကေအိုင်စီ၏ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။
ပြတ်ရွေ့ခြင်း
ဖောက်ထွင်းကျော်တက်၊ လျှက်တပျက်၌
အကွေ့ဝိုက်တွင်၊ များမျှော်မြင်ရင်း
ကံခြင်းမတူ၊ မငြူစူပဲ
စိတ်စွဲဖျက်ချေ၊ တွေဝေမဆိုင်း
အချက်တိုင်းမှာ၊ လေးနက်စွာဖြင့်
အခွင့်ရေးတွက်၊ ဖြတ်ထိုးညဏ်ကူ
လုယူကြသူတွေလည်းရှိတယ်။
ဘဝတကွေ့၊ ပြတ်အရွေ့မှာ
မိမိသာလျှင်၊ ပဲ့ကိုင်ရှင်ဖြစ်
ရာစုနှစ်တွေ၊ ဖြတ်ကျော်နေရင်း
မျှော်လင့်ခြင်းတွေ၊ မသေမခြာ
မရေရာလည်း၊ "ကျွဲ့ကူးရေပါ"
အချိန်ခါထောက်၊ စိုးကြောက်ကြလျှက်
ဘေးထွက်ပွဲကြပ်နေသူတွေလည်းရှိတယ်။
ယာယီခေတ္တ၊ ဤလောက၌
ကြုံကြိုက်ခြင်းသာ၊ စိတ်မှာထားပြီး
ခေတ်ရေစီးတွင်၊ ပျော်ဝင်ခြင်းမှ
ဒသနဝင်၊ ဆင်ခြင်ဆုံးဖြတ်
လွတ်လပ်စွာတွေး၊ ဘယ်အရေးတွတ်
စွက်ဖက်မသက်ဆိုင်သူတွေလည်းရှိတယ်။
တို့အနာဂါတ်၊ တို့မျိုးဆက်တွေ
လွတ်မြောက်စေဖို့၊ အတ္တကိုယ့်ကျိုး
မမျှော်ကိုးရင်း၊ စွန့်လွှတ်ခြင်းဖြင့်
မြင့်မြတ်တင့်တယ်၊ ရည်ရွယ်ရာလမ်း
လျှောက်လှမ်းနိုင်အောင်၊ ရှေ့ဆောင်ဖောက်ထွတ်
ပေးဆပ်နေသူတွေလည်းရှိတယ်။
(တဘိုးဒွေး)
စနစ်ဆိုးအောက်မှာလူတွေဘာဖြစ်ကုန်ကြပြီလဲ
စိတ်စေရာ
စိတ်စေရာကိုယ့်ခံစားချက်၊ တွေးဂရက်၌
စူးစိုက်အာရုံ၊ ကိုယ်တွေ့ကြုံမှ
ဘဝရသ ၊နိယာမဟု
မှတ်သိပြုရင်း၊ ရင်တွင်းဆန္ဒ
ခဝါချကာ၊ မာယာကွေ့ကောက်
ဖြေဖျောက်သိသည်၊ မိမိကိုယ်သာကိုးကွယ်ရာမို့။။။။။။
ကိုယ့်ခံယူချက်၊ အဆုံးဖြတ်ပဲ
စွဲမြဲခိုင်လျှက်၊ ယုံကြည်ချက်ဖြင့်
ရှေ့ဆက်လျှောက်မည၊် "ဘာမထီ" ဟု
ယခုချက်ခြင်း၊ အားမာန်သွင်းလျှက်
လုံးလသက်သေ၊ စိတ်နေကိုမြှင့်
မျိုးဂုဏ်တင့်ရေး၊ ကိုယ်တိုင်သွေးလျှက်
မျှော်မှန်းချက်ဖြင့်၊ စိန်တပွင့်ဖြစ်လာဖို့။။။။။
ကိုယ့်ရည်ရွယ်ချက၊် ဖြည့်စွက်အမြင်
တွေးထင်ကြံဆ၊ အထမြောက်အောင်
ရှေ့ဆောင်အလင်း၊ ဆန္ဒရင်းမှ
ဝီရသတ၊ိ အမြဲရှိသည်
မိမိကိုယ်သာချစ်ဆုံးမို့ ။။။။။
(တဘိုးဒွေး)
လွတ်မြောက်ရာ
စိတ်မှာကူး.....။
မေ့လျော့ကာ၊ မရောက်ဘူးထင်ပါနဲ့။
စိတ်ကူးတာ၊ အခါခါများရင်ဖြင့်
ရောက်မှာကွယ်၊ တကယ်ပွားပါလိမ့် တားမရဘူး။
သြော် တရားဓမ္မ၊ အထူး...........................။ ။
မယ်လရွှေမြင့်
မြန်မာပြည်သူပြည်သားအားလုံးသို့။
သစ်ဆိုးပင်
သစ်ဆိုးပင်(လင်္ကာဒီပ)
နွေဆိုလည်း နွေမို့လို့ပါ
ဆောင်းမှာဆိုလည်းတမျိုး
မိုးမှာဆိုလည်းတဖုံ
ရာသီစုံ ထိတ်လန့်ရခြင်းနဲ့
ငြိမ်းချမ်းမဲ့ဘဝတွေ
ပြေးနေရတာလည်း မောလှပြီ
ဒီမဟာရူး ဘုရင်ရူးတွေကြောင့်ပေါ့။
စစ်အာဏာရှင် သစ်ဆိုးပင်ကြမ်း
မှောင်ခန်းလက်မည်း ဖုတ်ငရဲကို
ဖြိုမလို့အသိ မထိတထိနဲ့
သတိလက်လွတ် ဒေါသလွှတ်ကာ
စိတ်နာရုံလေး နာကျည်းတွေးမျိုး
တခက်ချိုး နှစ်ခက်ချိုး
တချက်ထိုး နှစ်ချက်ခုတ်ရုံကွယ်
ရှင်လွယ်ပင်ဆိုး စနစ်ဆိုးအား
ပျောက်သွားဘယ်လို ချေမှုန်းနိုင်မှာတုန်း။
ငါယုံတယ် မင်းကို
ပျိုရွယ်စိုနစ်ခဲ့
ထက်မြက်တဲ့ ဥာဏ်စွမ်းအား
ခွန်အားအသီးအပွင့်များမှာ
ရဲရင့်ကာ အလှည့်ကျ
ကနွဲ့ကလျ ရှောင်မပြေးဘူးဆိုတာတွေ။
ပူးပေါင်းဆောင်ရွက်မှု
ဂရုပြုအလေးထားစရာ
တာဝန်နဲ့ ဝတ္တရား
ခွဲခြားမြင်နိုင်တဲ့ အမှားအမှန်သဘော
စစ်ကြောသုံးသပ်တဲ့ စွမ်းရည်စစ်
မျိုးဆက်သစ်တို့ရေ…..
အခြေအနေဆိုးကောင်းလှိုင်းဂယက်
မင်းရဲ့လက်ထဲမှာ
တို့အနာဂတ်တွေ ရှိတယ်ဆိုတာ မမေ့လေနဲ့။
ဘုံရန်သူ ဗဟိုယူကာ
ရှင်သန်ရာ ရေသောက်မြစ်မကျန်
ထုတ်ပစ်ရန် တူးဖော်ကာ
လှဲကာဖြိုချရမှာမို့
ဝိုင်းကြပါလှည့် ညီညွှတ်စွာရယ်
ပတ်လည်တဝိုက် စက်စွယ်စိုက်ရစ်
အမြစ်မှကလော် ညာသံခေါ်လို့
ငါတို့ စုပေါင်းတွန်းလှန်လှဲဖြိုချကြပါစို့။ ။
ဧပြီလ ၂၁ရက်၊ ၂၀၁၁ခုနှစ်
စိတ်ကူးလေးရွက်လွှင့်

စိတ်ကူးလေးရွက်လွှင့်
(လင်္ကာဒီပ)
အရှိန်အဟုန်မြန်မြန်
သာမန်မဟုတ်တဲ့နှုန်းတွေ
လောဘတွေစီးဝင်နေသလားထင်။
သူ့အရင်ငါ..........
ဒေါသတကြီး၊
မောဟကြီး
လောဘကြီး
တစီးပြီး တစီးသာ၊ ကျော်တက်ကာသွားကြတယ်
တကယ်တော့ငါ့ကား
နှေးများနှေးနေသလားပေါ့။
ပေါင်းဖက်သွား စုံတွဲချစ်သူ
တူအရွယ် ညီအရွယ်
လူငယ်တွေ ပျိုရွယ်တွေ
အခြေအနေမြန်လှတဲ့ကမ္ဘာထဲ
အသည်းလွှာအချစ်တွေကြီး
တယောက်ပြီးတယောက်သာ
နောက်ချန်ကာ ကျော်ဖြတ်သွားကြတယ်
တကယ်တော့ငါများ
ချစ်များ မချစ်တတ်သလားပေါ့။
သာမန်မဟုတ်တဲ့အဖြစ်သနစ်
အချစ်ကိုဦးစားပေးကြ
အမြန်ကိုဦးစားပေးကြတယ်
ဘီလူးစွယ်တွေကလည်းဖွေးလို့ပေါ့။
ဆန္ဒတွေပြင်းပြင်း
ခံတွင်းအချဉ်ဖြစ်လာ
ဒုက္ခမှာခါးသီး
ဇွဲကြီးကြီးနဲ့တွန်းလှန်
တနိုင်ငံပြီးတနိုင်ငံ
တော်လှန်ပေါင်းစုကာ
အာဏာရှင်ကိုဖြိုချခဲ့တယ်။
တကယ်တော့ ငါတို့များခုထိ
မြတ်အသိ၊ မုဒိတာပွား
တိုင်းရင်းသား မသင့်မြတ်နိုင်သလားပေါ့။

လောဘဂတိ
မောဟဂတိ
အစွန်းသတိတွေထားရင်း
မတူညီချင်းကိုလေ့လာ
“နေ့မှာဆို “နေ” ကလင်း
ညခင်းညဦး “လ” ကဖြူဖွေး”
ဘဦးကြီးမူလေးချက်ကိုဘဲ စွဲမြဲဆုတ်ကိုင်ရင်း
တလှမ်းချင်း
ငါသာလျောက်လာခဲ့တယ်။
သူ့နှုန်း
သူ့အထာ
သူ့အထွာ
သူ့အတိုင်း
စည်းကမ်းအတိုင်း
မူအတိုင်းသာ
ငါဟာရွေ့လျားလာခဲ့ ခရီးအဝေး
တော်လှန်ရေးပန်းတိုင် အသက်အငွေ့
“တနေ့တလံ၊ ရသေ့ပျံ” ရယ် .........
ဘယ်ပြေးမလည်းပေါ့နော်။ ။
(လင်္ကာဒီပ)
ဧပြီလ ၁၃၊ ၂၀၁၁
တစိုက်မတ်မတ်
လင်္ကာဒီပ

ပြောနေယုံ၊ အော်နေယုံ
မလုံလောက် မပြည့်ဝတဲ့အရာ
မျိုးချစ်ပါတယ်ဆိုတဲ့ စကားလုံး
မိုးလုံးသာပြည့်သွားမယ်
ဘယ်မလည်း လက်တွေ့ရယ်
ဘယ်မလည်း ပေးဆပ်ခြင်း
အရင်းအနှီးမရှိရင်
နင်ဟာလေ သုညမျိုးချစ်ပေါ့။
သွေးမိုး၊ ချွေးမိုး၊ မျက်ရည်မိုးတွေ
တသက်မကျေနိုင်စရာ
ယုတ်မာပက်စက်နေမှုများ
နင် မကြားဟန်၊ မသိဟန်
အမေ့ခံနေတာလား။
တာဝန်ယူရဲတဲ့ စိတ်ကလေးတွေ
သောကဖြေဖျောက်ရေးလမ်းတွင်း
ငြိမ်းချမ်းခြင်း ရယူရေး
ညီလေးရေ…ကိုယ့်အမျိုးအလုပ်
ကိုယ်သာလျှင် လုပ်ရမှာဖြစ်တယ်။
သွေးနဲ့ရေး သင်ခန်းစာများ
နှလုံးသားဆုံးဖြတ်ပြီးသကာလ
လုပ်ရမဲ့တာဝန်တွေ အစီအရီ
တသီတတန်း ခရီးကြမ်း
လက်ဆင့်ကမ်းထမ်းရမယ်
မင်း ဘယ်တော့မှ တွေးကြောင်မနေနဲ့။
သုညဘဝက
အစပြုခုန်ထွက်လာခဲ့
ဘေးပြောတဲ့စကား
အတ္တများနဲ့ ထုံမွှန်းခြင်းမှာ
နစ်မွန်းကာ ငုံ့လျှိုးမနေလင့်
ရဲရင့်လိုက်ပါ ခြင်္သေ့မင်းလိုပေါ့။
အမျိုးသားရေး၊ တန်းတူရေး
တစက်လေးမှ မလျှော့ဘူး
ခေတ်တွေကူးစေ၊ နှစ်တွေကူးစေ
ဒီမြေ၊ ဒီလမ်း၊ ဒီစခန်း
အောင်မြင်ခြင်းပန်းတိုင်ကို
လှမ်းကိုင်နိုင်မယ်အမှန်
ကဲ…..တော်လှန်ရေးကို တစိုက်မတ်မတ် ဆက်လုပ်ကြစို့။ ။
မတ်လ ၂၀၊ ၂၀၁၁
တရား

သွယ်ဝိုက်တဖုံ၊ လှည့်ကွက်စုံလို့
မည်သို့မည်ပုံ၊ ဝါဒစုံဖြင့်
အတင့်ရဲစွ၊ လွှမ်းမိုးကြမို့
အတ္တဟာဒသနဖြစ်သွားတယ်.........။
အသိပညာ၊ ဤကမ္ဘာဝယ်
ပရိရယ်ထက်၊ နှစ်သွယ်လျှက်လို့၊
ကွယ်ဝှက်သိုသိပ်၊ တိတ်ဆိတ်ကာဆောင်း
အသွင်ပြောင်းကာ၊ ကြင်နာတရား
မာယာများလို့၊ သမားသတိ
စိတ်အသိဖြင့်၊ မုဒိတာတရားမပွါးနိုင်တယ်..........။

အမှန်တရား၊ မိုးခါးရေသောက်
ဗြောက်သောက်ဗျာပွေ ၊လိမ်ထွေမျက်မှောက်
လွတ်မြောက်စေကြောင်း ၊ လိုရာတောင်းဆု
ပြုရပါလျှင်၊ သက်ဝင်ရည်စူး
အသိထူးကာ ၊သံသရာတည်း
ဤခရီးဝယ် သေပြီတဖန်(လူ)ပြန်မ ဖြစ် ချင်တော့ပါ..............။
( တဘိုးဒွေး )
ဆရာဦးသိန်းထွန်း၏(လူ့၊လူ၊လူး)ကဗျာကိုဖတ်အပြီ ဒီကဗျာကိုခံစားရေးစပ်သည် ။ဒီကဗျာဟာကျနော်၏ ပထမ ဦးဆုံးရေးစပ်သော ကဗျာဖြစ်ပါသည်။
အခွင့်အရေး
ရေခံ။
လသာတုန်း
ဗိုင်းငင်။
ရှေးယခင်က၊ ဆိုထုံးစကား။
ဈေးသုံးလည်းမလွယ်နဲ့
မွဲတတ်သတဲ့။
ရှေးထုံးလည်းမပယ်နဲ့
လွဲတတ်သတဲ့။
မင်းဘဝမှာ.....
ရေခံလေတော့၊ ပျိုမေကြော့။
မျက်နှာအမော့မှာ.....
ဗိုင်းငင်လေတော့၊ ပျိုမေကြော့။
(မယ်လ)ရွှေမြင့်
(၁) အရေးပေါ် အတွက်
နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ
၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း
ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့
သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ
ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့
နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး
အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ
ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို
သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို
ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို
ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ..
စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။
အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက
နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ
သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို
ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း
ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား
ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို
ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။
(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို
ဖျက်ဆီး ပစ်မလဲ။
၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ
သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး
လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ
သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ
တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ်
ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ
ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့
ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင်
ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက
ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ
ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ
ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း
သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့
မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card
ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း
ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း
ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
ကျက်သရည်အမှန်
ရောက်နိုင်ငဲ့။
ကြံသလောက်
ပြီးတဲ့ရည်။ ။
(အမည်မသိရှေးစာဆို)
မယ်လရွှေမြင့်
How To: Block Sender Mail In Gmail
Sender ရောက်လာတဲ့ အီးမေးလ်တွေရော Forward ရောက်လာတဲ့ အီးမေးလ်တွေ
ပါ နောက်ထပ်မလာနိုင်အောင်တားကြမယ်။ တားနိုင်မယ့်နည်းလမ်းလေးရေးရင်း မောင်
ကျော်စွာငြိမ်းဆိုက်ဖွင့်ကြည့်တော့ ရေးပြီးသားတွေ့ရတယ်။ သူ့ဆိုက်ကအတိုင်းပဲ ယူတင်
လိုက်တယ်။ အဲဒါကြောင့် အီးမေးလ်လိပ်စာကိုတားချင်ရင် အောက်ပါအတိုင်းသာ Do
ကြဗျာ...
ပထမဦးဆုံး Gmail ကို Sign In ၀င်လိုက်ပါ။ ပြီးရင်တော့ Gmail ကိုရောက်တာနဲ့
Gmail Labs ကိုသုံးနေတယ်ဆိုရင်တော့Search Box ရဲ့ဘေးနားမှာ Create A
Filter ဆိုတာရှိပါတယ်။ အဲ့ဒါကို Click လိုက်ပါ။ Older Version သုံးနေတဲ့သူ
တွေဆိုရင်တော့ Search Box အောက်မှာရှိပါတယ်။
KyawswarNyein.Com_Gmail_Block_Sender_Email_Create_A_Flitter
ပြီးရင်တော့ From မှာ ကို Block လုပ်ချင်တဲ့ Sender Email ကိုထည့်ပြီး Next
Step ကိုဘဲဆက်နှိပ်လိုက်ပါ။ လူအများကြီးကို Block လုပ်ချင်ရင်တော့ | လေးကိုကြားမှ
ခံပြီး ထည့်ယုံပါဘဲ။ ဥပမအနေနဲ့ ပြရရင်တော့ - gmail@gmail.com | yahoo@ya
hoo.com လိုမျိုးပေါ့ဗျ။
KyawswarNyein.Com_Gmail_How_To_Block_Sender_Email_Create_A_
Flitter_Mail_Address
ပြီးရင် Delete It နဲ့ Also Apply Fliter (#) Conversation Below ကို
Mark ပြီး Create Filter ဆိုတဲ့ Button ကိုနှိပ်လိုက်ယုံနဲ့ပြီးပါပြီး။ ကျန်တဲ့ Opti
ons တွေကတော့ ကိုယ် ကြို့က်သလို ကလိနိုင်ပါတယ်။
ဒါဆိုရင်သူ့တို့ ပို့တဲ့ Mail တွေက ကိုယ့်ရဲက Inbox ထဲကို လုံးဝ ရောက်တော့မှာ
မဟုတ်ပါဘူး။ အားလုံး Trash Can ထဲကိုတန်းသွားနေပါ့မယ်။ ကဲ အောက်မှ တလက်စထဲ
Video Tutorial လေးကို ပါကြည့်သွားလိုက်ပါအုံး။



