ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

မိဘမေတ္တာ

အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာတွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟု ဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟု ထပ်မေးလေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေသည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမှ စာမျက်နှာ တစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားနေတယ်။ကျနော့သားက အဖေလို့ခေါ် ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။
daboedway

ဆက်ဖတ်နိုင်သည်...

အဖြူရောင်သံစဉ်များ

ဆက်ဖတ်နိုင်သည်...

ရွေးပါ

ရွေးပါ

ရှုပ်တဲ့စိတ်တွင်း
ရှင်းလင်းအခန်း
မင်းစိတ်ထဲမှာ
လန်းမလား။

ရှုပ်တဲ့အခန်း
ရွှင်လန်းတဲ့စိတ်၊ ရှင်းတဲ့စိတ်
မျက်စိမှိတ်တွေး…...
ဘာလေးကို မင်းယူမလဲ။
(မယ်လရွှေမြင့်)

ဆက်ဖတ်နိုင်သည်...

“လူမသေ တာဝန်မကျေ”တဲ့လား

သြဂုတ်လ ၂၃၊ ၂၀၁၀

“လူမသေ တာဝန်မကျေ”တဲ့လား
သည်းခြေတွေလီလီခမ်း
ရန်သူ့ဆီမြန်းသွားနေ
သွားလေသူ သစ္စာမဲ့တသင်း
ငိုချင်းလည်းချမနေသင့်တော့ပေ
နွေခေါင်ခေါင်မိုးကြိုး
ငြိုးလို့သာ ခွင်းပစ်လိုက်တယ်။


“လူမသေ တာဝန်မကျေ”
ဘာတွေလည်း၊ ဘာတာဝန်လည်း
မခွဲခြားတတ် အမှားအမှန်
အလျားအနံမသိတတ်လေရော့လား
မင်း…သား၊ မယားကောင်းစားရေးလား
မင်း…စီးပွားဖြစ်ထွန်းရေးလား
ကြွေးကြော်သံများဝိုးတဝါး။

တအားရူးတာလား
တအားမူးတာလား
အဖျားရှူးသွားတဲ့ဇတ်လမ်း
မှတ်တမ်း၊ ဖြတ်လမ်းကသွား
သဘောက်သား၊ နွားဖြစ်တဲ့ကိန်း။

တော်လှန်ခရီးကို ဖျက်ဆီးပစ်
မူသစ္စာတွေဖျက်ဆီး
တောက်…အချည်းအနှီးသတ္တဝါတွေ
လူတွေအထင်ကြီးအောင်ခင်း
မင်းအလုပ်၊ မင်းဆောင်ပုဒ်
ဟုတ်တုတ်တုတ်ရှိခဲ့ပေမယ့်လည်း။

ဘီလူး၊ သဘတ်တသင်း
သြော်…မထူးဇတ်ခင်းပြီဆိုရင်ဖြင့်
ရင်နင့်စရာ ကရင့်အနာဂတ်
ဇရပ်၊ ပြတိုက်မရောက်ရရေး
မနှေးအမြန်ကာကွယ်သင့်ပြီမို့။

ကဲ…ပုဝါမယူ၊ ရေမကူဘဲ
အသဲတခြမ်းယူဆောင်း
ပွဲတောင်းကာတော်လှန်မလေ
အာမခြွေ၊ စာမရှည်(ရှေ)
ငါမသေ တာဝန်မကျေပြီတဲ့ဟေ့။ ။

(လင်္ကာဒီပ)

ဆက်ဖတ်နိုင်သည်...

ပန်းသီးပုံပြင်

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...
ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး ဆော့ကစားလေ့ရှိတယ်..
သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်...
ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်..
ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ တစ်ရေးတစ်မောမှေးတယ်...
ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...
ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....
တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"
ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး.. ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး.. ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်.. ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး... ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ.. ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"
ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့ သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...
သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....
သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..
သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...
သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"
ကောင်လေး - "ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်... အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့် မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...
ကောင်လေး - "ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"
သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..
အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...
သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"
အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက် ငါ့မှာသွားတွေမရှိတော့ဘူး"
သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"
အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"
သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက် တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...
အဘိုးအို - "အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"
သစ်ပင်ကြီး - "ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ ထိုင်လိုက်ပါတယ်...
သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့ မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့ မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***
daboedway

ဆက်ဖတ်နိုင်သည်...