ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........


ဘာရယ်တော့မဟုတ်ဘူးအပျင်းပြေပေါ့။အမှတ်တရအဖြစ်သူငယ်ချင်းအားလုံးကိုသတိရလျက်
တဘိုးဒွေး

ဆက်ဖတ်နိုင်သည်...

တရုတ်မလေးကို ကြိုက်တဲ့ အကြောင်း ရေးထားတာမို့ စာသားတွေမှာ တရုတ်ရနံ့တွေ အပြည့် ထည့်ထားတယ်၊ နောက်ခံတီးလုံးမှာတောင် တရုတ်ဂီတသံ ပါလိုက်သေး။ဒီသီချင်းကို ခံစားကြည့်ပါအုံး။စိတ်ရွှင်သွားအောင်နားထောင်လိုက်ပါဦး။ဆြာဦးသိမ်:ထွန်း၊ကိုဖိုးသားတိုဩစီမှာရှိတဲ့သူငယ်ချင်းအားလုံးကိုသတိရတယ်။ဒီနှစ်ခရစ်စမတ်က တော့နှင်းတွေတမြို့လုံးဖွေးနေတာပဲ။မိုးလေဝသခန့်မှန်းချက်ထက်ပိုပြီ နှင်းတွေပိုကျလာတယ်။ပျော်ဖို့လဲကောင်းပါတယ်၊လွမ်းဖို့အရမ်းကောင်းတယ်။ကျနော်လဲမြို့ထဲ အလည်သွားတာ၊ အိမ်ပြန်ရောက်ခါနီးမှာပဲ နှင်းတွေထူလွန်းလို့ကားဆက်မောင်းလို့မရတော့ဘူး လမ်းဘေးမှာပဲထိုးရပ်ထားခဲ့ရတယ်။အိမ်ကိုလမ်းပြန်
လျှောက်ခဲ့ရတယ်။နှင်းတောထဲမှာလေးဆယ်ငါးမီနစ်လောက်လမ်းလျှောက်ခဲ့ရတာ ကြည်နူးဖို့လဲအရမ်းကောင်းပါတယ်၊လွမ်းဖို့လဲကောင်းတယ်။အဝေးကသူငယ်ချင်း၊မိတ်ဆွေတွေအားလုံးကိုသတိရသွားတယ်။
တဘိုးဒွေး

ဆက်ဖတ်နိုင်သည်...

ခရစ်စမတ်ဓါတ်ပုံအချို့



ဓါတ်ပုံပို့ပေးလာသူ ဦးမြင့်ဆွေအားကျေးဇူးတင်ပါသည်။

ဆက်ဖတ်နိုင်သည်...

လူလုလူးသံသရာ

လူလုလူးသံသရာ
လူသားမိဘက
သန္ဓေစခဲ့တော့၊ လူပေါ့။

တစစ
အရွယ်ရခဲ့တော့
ဖြူတဲ့သဘော၊ မည်းတဲ့သဘော။
ကောင်းတဲ့သဘော၊ ဆိုးတဲ့သဘော
မြင့်တဲ့သဘော၊ နိမ့်တဲ့သဘော
ရောထွေးနေတဲ့လောကကြီးမှာ
ဖြူတာကမည်း၊ မည်းတာကဖြူ
ကောင်းရာကဆိုး၊ ဆိုးရာကကောင်း
မြင့်ရာကနိမ့်၊ နိမ့်ရာကမြင့်အောင်
လှုပ်ရှားရင်း၊ ဆောင်ရွက်ရင်း
ရုန်းကန်ခြင်း ဘဝအတွက်
အလုအယက် လုပ်ရင်းလုပ်ရင်း
တရားခြင်းနဲ့ မတရားခြင်းလည်းမသိ
အသိဥာဏ် နတ္ထိ၊ ဆင်ခြင်တုံတရားလည်း မရှိတော့
မွေးစက လူဟာ
ဆန္ဒရဲ့နောက်ကွယ်မှာ
"လု"လို့အမည်ပြောင်းရမလိုဖြစ်လာတာပေါ့။

လုလို့ရတဲ့လူက
မြင့်တဲ့သဘောလို့ ယူဆကြပေမယ့်
တကယ်တော့ သုခမျာ
လောဘ၊ ဒေါသ ပင်လယ်ထဲမှာ
ပိုင်ဆိုင်မှုများစွာ
စိုးရိမ်မှု ကုဋေ၊ ကုဋာ
ကူးကာ၊ လူးခါနေနေရတာပေါ့။

အလုခံရတဲ့လူက
နိမ့်တဲ့သဘောဆိုရင်
တကယ်စောကြောကြည့်တော့လည်း
သူ့ခမျာ သောကပင်လယ်ထဲမှာ
ပိုင်ဆိုင်မှုနတ္ထိ၊ ကြောက်ရွံ့မှုအပြည့်
ဒေါသအပြည့်၊ ဒုက္ခဆူးတွေအပြည့်နဲ့
လူးနေတာပါဘဲ။

အဲဒီတော့.....
လူကလေ လုနေရင်း
အလုခံနေရရင်း၊ လူးနေရတာမို့
လူကို လူးလို့ခေါ်ရမလို။

မွေးတုန်းကဆို အဖြူ
အပြစ်ကင်းတဲ့ပန်းလေးနဲ့တူ
အညွန့်တလူလူ..."လူ"။

ခု.....
အပူအပင်တွေနဲ့
လုရင်းလူးရင်း
ခတ်ရင်းကူးရင်း၊ နစ်ရင်းမြောရင်း
စုန်ရင်း ဆန်ရင်း
ရင့်...ယဉ်...ရင်း။

ဟိုယခင်မွေးစကလို လူဖြစ်ဖို့
ယဉ်ကျေးတဲ့သူဖြစ်ဖို့
ရင့်ကျက်တဲ့သူဖြစ်ဖို့
စစ်မှန်တဲ့စိတ်ဓါတ်အရင်းအမြစ်နဲ့
ကောင်းအောင်ကြိုးရင်း၊ ရိုးစင်းဖြူစင်တဲ့သူ
ဟန်မူအစစ်နဲ့ပြန်လူဖြစ်ဖို့ပေါ့။
(မယ်လရွှေမြင့်)

မှတ်ချက်။ ။(ဘူးညွန်၊ ကန်စွန်းညွန့်၊ ဖရုံညွန်ညွန့် သုံးညွန့်ပေါင်းမှကျပ်မပြည့်သူများအတွက် ကျုပ်တို့မြန်မာ့အရပ်ဓလေ့နဲ့
ဖတ်ဟေ့၊ဖတ်ဟေ့လို့သာရေးစပ်လိုက်ပါရစေ။)
ခက်ဆစ်။ ။ဘူးညွန်း=နှာဘူးကျတဲ့လူ၊ ကန်စွန်းညွန့်=ကန်လိုက်တော့မှ အစွန်းရောက်အောင် မိုက်ပြတဲ့လူ၊
ဖရုံညွန့်=ဖခမည်းတော်ကြီးကိုယုံကြည်ကိုးကွယ်သလိုနဲ့ မပုံရဲ့တ့လူ

ဆက်ဖတ်နိုင်သည်...

by Daboedwe

ဆက်ဖတ်နိုင်သည်...

အသဲကွဲတောင်ထိပ်ပေါ်က သူရဲကောင်းပုံပြင်

တရုပ်ပြည်တနေရာမှာ အသဲကွဲတောင်ထိပ်လို့ခေါ်တဲ့ တောင်တန်းတစ်တောင်ရှိပါတယ်။ အဲ့ဒီတောင်တန်းရဲ့ ထူးခြားချက်ကတော့ တောင်တန်းကြီးဟာဆိုရင် တောင်ထိပ်ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ခွဲထားသလို နှစ်ခြမ်းကွဲနေပါတယ်။အဲဒီလို ပိုင်းခြားထားတဲ့ အပိုင်းနှစ်ပိုင်းဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ)မီတာလောက် ဝေးပါတယ်။ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးတန်တဲ့ စမ်းချောင်းက ဖြတ်သန်းစီးဆင်းနေပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြတဲ့နေရာလေးဖြစ်ပါတယ်။


တောင်ဆိတ်များဟာ ရိုးရိုးတောင်ဆိတ်ထက် အကောင်အားဖြင့် ကြီးမာပြီး အထီးရော အမပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျိုပါ ရှိကြပါတယ်။အထူးခြားဆုံးကတော့ ခုန်တဲ့နေရာမှာ အင်မတန်တော်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူတို့တွေဟာ (၆)မီတာထိအောင် ခုန်နိုင်ပါတယ်။
နောက်ပြီး သူခုန်လို့ ကျတဲ့နေရာမှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက်ချဖို့ ရတာနဲ့ မနားပဲ ဆက်တိုက်ခုန်နိုင်စွမ်းလညှ်းရှိပါတယ်။ ရှားပါးပြီး ဆေးဖက်ဝင်တဲ့ သတ္တဝါမျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုးလိုက်တဲ့ သူများဟာ ခက်ခက်ခဲခဲရှာဖွေ ဖမ်းဆီရပါတယ်။ တောင်စောင်း တောင်ထိပ်များမှာသာ ကျက်စားလေ့ ရှိတဲ့ အတွက်ကြောင့်လည်း ဖမ်းဆီဖို့ကို မဆိုထားနဲ့ တွေ့ရဖိုတောင့် အင်မတန်မှ ခက်ခဲလှပါတယ်။

ကျွန်တော်ဟာ မုဆိုးတစ်ယောက်ပါ။ဒါကြောင့် ခုလိုရှားပါတဲ့ တောင်ဆိတ်ကို ပစ်ခတ်ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြားကို သွားခဲ့ပါတယ်။ ခက်ခဲစွာနဲ့ တောင်ဆိတ်တွေရှိရာ အသဲကွဲတောင်ထိပ်ကို ရောက်အောင် တက်လာခဲ့ပါတယ်။ တောင်ထိပ် ရောက်တော့ တောင်စွန်းတစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေကို တွေ့ရပါတော့တယ်။
ကျွန်တော်တို့ အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံကို ပိတ်ဆိုးထားလိုက်ပါတယ်။ ထွက်ပေါက်ဆိုလို့ ထက်ချမ်းကွဲနေတဲ့ တောင်တစ်ဖက်ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန်မှာ တောင်ဆိတ် တွေဟာ သူတို့ အသက်အန္တရယ်ကို ကြောက်လှန် နေတာကြောင့် ပျာယာခက် နေပါတယ်။ သူတို့လွတ်မြောက်ဖို့ ဆိုတာ တစ်ဖက်ကမ်းခြားနေတဲ့ တောင်စောင်း တစ်ဖက်တည်း သာလျှင် ရှိပါတော့ တယ်။ကျွန်တော်တို့ဟာ ပစ်ကွင်းထဲရောက်နေတဲ့ သားကောင်ကို စိတ်ကြိုက်ပစ်ခတ် ဖမ်းဆီးဖို့ရန် ပြင်ဆင် နေချိန်မှာပဲ အသက်အန္တရယ်ကိုကြောက်နေတဲ့ တောင်ဆိတ်တစ်ကောင်ဟာ မမျှော်ပဲ ကျွန်တော် တို့ရှိရာ ကို တစ်ရှိန်ထို့ ပြေးထွက်ဖို့ကြိုးစားပါတယ်။

ဒါပေမဲ့ သူဟာ ကျွန်တော်တို့ရဲ့ သေနတ်အောက်မှာပဲ အသက်စတေးလိုက်ရပါတယ်။ နောက်တစ်ကောင်က ကြောက်လန့်စွာနဲ့ပဲ တစ်ဖက်ကမ်းပါးကို ကြိုးစားပြီးခုန်ကူးပေမဲ့ လိုရာခရီးကိုမရောက်ပဲ တောင်ကြားကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းကို ကျရောက် သေဆုံးသွားရပါတော့တယ်။ကျွန်တော်တို့ဟာ သေနတ်ကို နောက်ထပ် အသုံးမပြု့မိအောင် ဂရုစိုက်နေရပါတော့ တယ်။

သေနတ်သံကြောင့်လည်းတောင်ဆိတ်တွေဟာပိုပြီးပျာယာခတ်နေပါတော့တယ်။ကြောက်လှန့်စိတ်နဲ့တောင်တစ်ဖက်ကမ်းကိုသာ ခုန်ကူးမယ်ဆိုရင် စမ်း ချောင်းထဲ မျှေားပါပြီး ဆုံးရှုံးကုန်မှာကို ကျွန်တော်တို့ မလိုလာပါဘူး။

ဒါကြောင့် ကျွန်တော်တို့ အဖွဲထဲမှ တစ်ဖွဲကို တောင်ခြေကို ပြန်ဆင်းခိုင်းပြီး စမ်းချောင်းတစ်နေရာမှာ စမ်းချောင်းထဲ သေဆုံးမျေားပါလာတဲ့ အကောင်တွေကို ဆည်ယူနိုင်ဖို့ စီစဉ်ကြပါတယ်။ သူတို့ အဆင်သင့်ဖြစ်ချိန်မှာ အချက်ပေးလိုက်ဖို့နဲ့ သူတို့ အချက်ပေးချိန်ကျမှ စတင်ပစ်ခတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။တောင်ခြေကို ပြန်ဆင်းသွားတဲ့ အဖွဲ့ရဲ့ အချက်ပေးသံကို စောင့်နေတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မမျှော်လင့်တဲ့ အဖြစ် တစ်ခုကို တွေလိုက် ရပါ တော့ တယ်။

ပျာယာခက်နေတဲ့ များစွာသော တောင်ဆိတ်တွေထဲမှာ တည်ငြိမ်စွာနဲ့ရပ်နေတဲ့ ထူးဆန်းတဲ့ တောင်ဆိတ်ကြီး တစ်ကောင်ကို တွေလိုက်ပါလို့ပါ။ ကျွန်တော်ဘေးနားမှာရှိနေတဲ့ အဖော်က "ဆရာ ဟိုမှာကြည့်ပါအုံး"..။ တစ်ခြားကောင်တွေနဲ့ မတူပဲ ဟိုတစ်ဖက်ကမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ လှမ်း ကြည့် နေတဲ့ တောင်ဆိတ်ကြီး တစ်ကောင်က ထူးခြားလှချည်လားလို့ ပြောတော့ ကျွန်တော်က ဒါဟာ တောင် ဆိတ် တွေရဲ့ ခေါင်းဆောင် ဖြစ်မှန်းသိလိုက်ပါပြီ။မကြာခင်မှာပဲ အဲ့ဒီတောင်ဆိတ်က တစ်ချက်အော် လိုက် တယ် ဆိုရင်ပဲ ခုနက ယောက်ယက်ခက်နေတဲ့ တောင်ဆိတ်တွေဟာ ငြိမ်သက်သွားပါတော့တယ်။

တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ တောင်ဆိတ်တွေရဲ့ အလယ်မှာ ဝင်ရပ်ပြီး နောက်ထပ် အသံတစ်ချက် ထပ်ပေး လိုက်ချိန် မှာတော့ သူတို့တစ်တွေဟာ အဖွဲ့ နှစ်ဖွဲ့ကွဲထွက်သွားတာကို ထူးဆန်းစွာတွေ့ လိုက်ရပါတော့တယ်။ ဒီထက်အံသြဖို့ ကောင်းတာက တစ်ဖက်က အဖွဲဟာ အသက်ကြီးတဲ့မျိုးဆက်ဟောင်း အုပ်စုနဲ့ တစ်ဖက် မှာတော့ အသက်ငယ်တဲ့ မျိုးဆက်သစ် အုပ်စု ဖြစ်နေတာကိုပါ။

နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ အသက်ငယ်တဲ့ အဖွဲ့ထဲက အကောင်နှစ်ကောင်ကို စိုက်ကြည့်လိုက်တော့ အဲ့ဒီမျိုးဆက်သစ်ဖြစ်တဲ့ အကောင်နှစ်ကောင်ဟာ မျိုးဆက်ဟောင်းဖြစ်တဲ့ အုပ်စုဆီ သွားရောက် ပူးပေါင်းလိုက်ပါတယ်။သေသေချာချာ ကြည့်လိုက်တော့ အဲ့ဒီနှစ်ကောင် တစ်ဖက်အုပ်စုကို ရောက် သွားတော့မှ တစ်ဖက်နဲ့ တစ်ဖက်ဟာ အကောင်အရည် အတွက် တူညီသွားတာကို တွေ့ရ ပါတယ်။

နောက်တော့မှ အုပ်စုနှစ်စုဟာ တစ်ဖက်ကမ်းကို မျက်နှာမူလျှက် ခုန်ကူဖို့ အသင်ဖြစ်နေပါတော့တယ်။ ခေါင်ဆောင်ဆိတ်မှ အချက်ပေး အော်လိုက်သံစတယ် ဆိုရင်ပဲ မျိုးဆက်ဟောင်းဖက်မှ တစ်ကောင်နဲ့ မျိုး ဆက်သစ် ဖက်မှ တစ်ကောင်တွဲပြီး တရှိန်ထိုးအား စိုက်ခုန်ပါ တော့တယ်ဗျာ။ လျှင်မြန်တဲ့မျိုးဆက်သစ်က ခုန်ပြီးလို့ စက္ကန့်ပိုင်းမှ မျိုးဆက်ဟောင်ခုန်ပါတယ်။

ကျွန်တော်ထင်တာက တစ်ကောင်တည်း ခုန်မချရဲလို့ နှစ်ကောင်စီတွဲ ခုန်ဆင်းကြတယ်လို့ ထင်မိ ခဲ့တာပါ။ မြင်လိုက် ရတဲ့မြင်ကွင်းလေးကတော့ ပထမမျိုးဆက်သစ် အကောင်လေးခုန်လို့ အရှိန် ကုန်ပြီး ပြန်အကျမှာတော့ နောက်က ဆက်တိုက် ခုန်လိုက်လာတဲ့ မျိုးဆက်ဟောင်း ဆိတ်ကြီးက မျိုးဆက် သစ်ရဲ့ နောက်ခြေအစုံကို သူ့ရဲ့ဦးခေါင်းနဲ့ ခံပေးလိုက်တဲ့ ဖြစ်ရပ်ပါ။

ဒီအချိန်မှာတော့ မျိုးဆက်သစ် ဆိတ်ငယ်လေးဟာ မျိုးဆက်ဟောင်းရဲ့ ဦးခေါင်းကိုခြေစုံကန် အားပြုပြီး ထပ်ခုန်လိုက်တော့ သူလိုရာ တစ်ဖက်ကမ်းဆို့တဲ့ နေရာသစ်လေးကိုရောက်လို့ သွားပါတော့တယ်ဗျာ။ မျိုးဆက်သစ် ဆိတ်လေးဟာ သူလိုရာ ခရီးရောက်သွားလို့ ဝမ်းသာတဲ့ အသံနဲ့ အောင်ပြီလို့ ဟစ်အော် လိုက်ချိန်မှာတော့ မျိုးဆက်ဟောင်းဖြစ်တဲ့ ဆိတ်ကြီး ကတော့ ကြမ်းတမ်းတဲ့ စမ်းချောင်းထဲကို ကျဆင်းလို့ သေပွဲဝင်သွားပါတော့တယ်။

မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင် တွဲတွဲပြီး ခုန်လိုက်တိုင်း ခုန်လိုက်တိုင်းမှာ မျိုးဆက်သစ်တွေ နေရာသစ်ရဖို့အတွက် လိုရာပန်းတိုင်ရောက်ဖို့ မျိုးဆက်ဟောင်း ဆိတ်တွေမှာ သူတို့ ဦးခေါင်းကို လမ်းသဖွယ် အနင်းခံ အကန်ခံရင်း တစ်ကောင်ပြီး တစ်ကောင် မရဏ စမ်းချောင်းထဲ အသက် တွေကို ပေးဆက်သွားခဲ့ပါတယ်။
တောင်အောက်စမ်းချောင်းမှာ အပေါ်ကနေ ပစ်ချလို့ ကျလာမဲ့ ဆိတ်တွေကို ဆည်ယူဖို့ သွားစောင့်တဲ့ အဖွဲ့က စတင်ပစ်ခက်ဖို့ရန် အချက်ပေးလိုက်ချိန်မှာတော့ ဒီဖက်ကမ်းမှာ တောင်ဆိတ်ဆိုလို့ ခေါင်းဆောင် ဖြစ်တဲ့ တောင်ဆိတ်ကြီးတစ်ကောင်တည်းသာ ကျန်ရစ်နေပါတောတယ်။

ကျွန်တော်တို့ အံသြလို့မှ မဆုံးခင် တောင်ဆိတ်ကြီးဟာ ကျွန်တော်တို့ကို စိုက်ကြည့်ရင်းနဲ့ ကျွန်တော် တို့ဆီကို တစ်လှမ်းချင်းလှမ်းလို့ လာနေခဲ့ပါတယ်။ သူမျိုးဆက်သစ်တွေ လိုရာပန်းတိုင်ကို ရောက်သွား လို့ပဲလား သူနဲ့တန်းသူ မျိုးဆက်ဟောင်းတွေ ကျဆုံးသွားလို့လားဆိုတာတော့ မသိပါ။သူဟာ သူ့သက်ကို အလေးမထားတော့ပါ။သူ့အတွက် သေခြင်းနဲ့ ရှင်ခြင်းဆိုတာ သူနဲ့ မဆိုင်တော့သလိုပါပဲ။

ဒါပေမဲ့ မြင်လိုက်ရတဲ့ သူမျက်လုံးတွေနဲ့ သူသဏ္ဍန်မှာတော့ ရဲဝံ့တဲ့ အားမာန်တွေ အပြည့်နဲ့ပါ။ကျွန်တော်ဟာ သေနတ်ခလုတ်ကို ဆွဲဖို့အင်အား မရှိ့တော့ပါဖူး။နောက်ဆုံးတော့ ခေါင်းဆောင်ဆိတ်ကြီးက ကျွန်တော် တို့ကို တိုးဝှေ့ခုန်ကျော်သွားသလား? ကျွန်တော်တို့ကပဲ လမ်းဖယ်ပေးလိုက်ကြ သလား ဆိုတာကိုတောင် မသိလိုက် တော့ပါဘူ။
တကယ်တော့ ကျွန်တော့် မျက်စိထဲမှာ မြင်နေတာက တောင် ဆိတ် မဟုတ်တော့ပါဖူး။လူတွေလုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်သွားကြတဲ့ တကယ်သူရဲကောင်းတွေပါ။ စမ်းချောင်းထဲအသက်စတေးလိုက်ကျတဲ့ တကယ့် သူရဲကောင်းတွေ မျိုးဆက် သစ်တွေ ရှင်သန်ဖို့အတွက် မရဏလမ်း ခင်းပေးလိုက်ကြတဲ့ သူရဲကောင်း... တကယ့်သူရဲကောင်းကြီးတွေ ။

အော်သူတို့တွေဟာ တကယ်တော့ ဘယ်သူမှ မသိလိုက်ကျတဲ့ အသဲကွဲတောင်ကမ်းပါးတစ်နေရာက စမ်းချောင်းထဲမှာ မျိုးဆက်သစ်တွေနေရာသစ်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အသက်ကိုစွန့်လွတ် သွား ကြတဲ့ တကယ့်သူရဲကောင်းတွေပါဗျာ.....
အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ သူတို့ကိုဂုဏ်ပြု့သော အားဖြင့် ဘယ်တော့မှ တောင်ဆိတ်တွေကို ဖမ်းဆီး ခြင်း မလုပ်တော့ ပါဘူးလို့ ခိုင်ခိုင်မာမာပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။ကျွန်တော်ရှေ့မှာတော့ ဘယ်တောင်ဆိတ်ကိုမှ မမြင်ရတော့ပါ။ ဒါပေမဲ့ အာရုံထည်းမှာ မြင်နေရတာက ...... သူရဲကောင်းတွေရဲ့ ရဲဝံ့တဲ့ လုပ်ရပ် သူရဲကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ သူတို့တွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။။။။။။


ကြားခဲ့ဖူးသော တရုပ် သူရဲကောင်း ပုံပြင်မှ စိတ်ကူးပုံဖော်ထားပါသည်
လေးစားလျှက်......
DaBoeDwe

ဆက်ဖတ်နိုင်သည်...

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဘူး။

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ
အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး။

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဘူး။

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။
(မင်းကိုနိုင်)

ဆက်ဖတ်နိုင်သည်...

ပြန်မလာတော့ဘူးကွယ်

ဆက်ဖတ်နိုင်သည်...

ယူကျုပေါ်က အောင်သင်း စာပေဟောပြောပွဲ












ဆက်ဖတ်နိုင်သည်...
















ဆက်ဖတ်နိုင်သည်...

မုန်းရင်ပြုံး

အမုန်းဆိုတာ...
မသုံးတတ်တော့ အရှုံး
သုံးတတ်ရင်အပြုံး.....။

တဘ၀လုံး.....
ပြုံးချင်သလောက်သာ...
ပြုံးလိုက်ဦး။



ဟေး.....
မရှုံးစေနဲ့မင်း။

မုန်းရင်ပြုံးလိုက်
မင်း.........
မပြုံးရင်ရှုံးမယ်နော်။
(မယ်လရွှေမြင့်)

အောက်တိုဘာလ(၁၈)ရက်၊ မနက်(၄)နာရီ မိနစ်(၂၀)တွင် ဤကဗျာလေးကို လူသားအားလုံးအတွက် ကျွှန်ုပ် မယ်လ ရွှေမြင့်မှ ရင်နင့်ခံစား စပ်ဆိုခဲ့ပါသည်။

ဆက်ဖတ်နိုင်သည်...

ဥယျဉ်မှုး၏နိယာမ

ဓါးသွေးလျင်...
သွေးတတ်မှလည်း မြက်ထက်၏။

သားမွေးလျင်...
မွေးတတ်မှလည်း သွက်လက်၏။

ပန်းထိုးလျင်...
ထိုးတတ်မှလည်း တင့်တယ်၏။

သမီးပျိုးလျင်...
ပျိုးတတ်မှလည်း မြင့်ထည်၏။
(မယ်လ ရွှေမြင့်)

(ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်း၏သမီး ဒေါ်အောင်ဆန်းစုကြည်တို့အား ရည်ညွန်းလျက်။)

ဆက်ဖတ်နိုင်သည်...

ထိန်းချုပ်ခြင်း/ချုပ်ကိုင်ခြင်း (Cntrolling)

တစ်ခါတုံးက မျက်မြင်မြေးယောကျာင်္းလေးကို ထိန်းကျောင်းနေသတဲ့ မျက်မမြင်တဲ့ ပညာရှိအဖိုးကြီးတစ်ဦးရှိသတဲ့။

မြေးလေးက ယောကျာင်္းလေးတို့သဘာဝ အဖိုးနဲ့အိမ်စောင့်တမ်း ကစားကြမယ်လို့ဆိုပြီး အဖိုးကိုခေါ်တော့ အဖိုးလည်းမသက်မသာ ၀င်ကစားရတာပေါ့။ မြေးလေးက မျက်မမြင်တဲ့အဖိုးကို ဟိုနေရာမှာကိုင်ပါ။ ဒီနေရာမှာတော့ဝက်အူနဲ့လည့်ပါလို့ ပြောပြီး အားတက်တရောအိမ်ဆောက်နေတာ မျက်မမြင်အဖိုးအတွက်တော့ အတော့ကိုအဆင်မပြေဖြစ်ရတာပေါ့။ ၀ိုင်းမစော့ပဲ ထသွားတော့လည်းမဖြစ်။ အဲလိုအချိန်မှာပဲ အဖိုးက တစ်ခြားသူ့အတွက် လွယ်ကူမယ့်ကစားနည်းကို ပြောင်းဖို့ စဉ်းစားမိသတဲ့။ အဲဒါနဲ့ မြေးလေးကို ဘယ်သူခွန်အားပိုကြီးသလဲ ပြိုင်တမ်းကစားကြမယ်လို့ စိန်ခေါ်သလိုနဲ ပြောလိုက်သတဲ့။ ယောကျာင်္းလေးဖြစ်တဲ့ မြေးငယ်လေးအတွက်တော့ နှစ်ခါဆွဲဆာင်စရာ မလိုတဲ့ကစားနည်းပေါ့။

သူ့အဖိုးကသူ့ထက်အရပ်မြင့်တော့ ထိုင်ခုံပေါ်မှာထိုင်ပြီးကစားကြမည်ဟုပြောသတဲ့။ သူ့အဖိုးကလည်းသဘောတူစွာ ကုလားထိုင်မှာထိုင်ပြီး မြေးငယ်လေး အားနဲ့တွန်းတုတ်နေတာကို လက်ဆန့်လိုက်ခြေဆန့်လိုက်နဲ့ အတုတ်ခံကာ ဟန်ဆောင်အညံ့ခံနေခဲ့တယ်တဲ့။ မြေးငယ်လေးကတော့ ငါနိုင်ပြီး ငါနိုင်ပြီးဟုဆိုတာ ပျော်နေတော့တာပေါ့။ မြေးငယ်လေးကလည်း မကိုင်ထားရင်အဖိုးလွတ်သွားမှာ စိုးလို့အဖိုးရဲ့လက်တွေကို သူ့အဖိုးလက်တွေကို မလွတ်တမ်းတုတ်ကိုင်ပြီး နေနေရတော့တာပေါ့။ အဖိုးဖြစ်တဲ့သူက သူ့မြေငယ်လေး သူ့ဘေးမှာ ဘေးမသီရန်မခပဲနေနေပြီမို့ စိတ်အေးကာ ပြုံးပြုံးလေးအချုပ်ခံနေခဲ့သတဲ့။ ပုံပြင်လေးက ဒါပါပဲ။

ဒီပုံပြင်မှာ ဘယ်သူက အမှန်တကယ်အချုပ်ခံလိုက်ရတယ်လို့ စာဖတ်သူတွေအနေနဲ့ ထင်သလဲ။ မြေးလေးလား။ ဒါမှမဟုတ် အဖိုးလား။ တစ်ခုခုတွေးစရာလေး ကျန်ခဲ့မယ်ဆိုရင်ပြောရကြိုးနပ်ပါပြီ။
daboedwe

ဆက်ဖတ်နိုင်သည်...

ှု သံမှိုများ

ဟိုးရှေးရှေးတုန်းက အင်မတန်ကို စိတ်တို စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။

တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။

“မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားသွားရိုက်ချေကွာ”တဲ့။

အဖေက အဲသလို ပြောပြီး သံထုပ် ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းတိတိကို ရိုက်သွင်း ဖြစ်သွားခဲ့ပါတယ်။ အဲသလိုနဲ့ သူစိတ်တိုတိုင်း၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ၀င်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။

သံရိုက်ချက်တွေကလည်း တစ်နေ့ထက် တစ်နေ့ ကျဲကျဲ လာတော့တာပေါ့လေ။

သည်လိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံ ပြေးပြေး ရိုက်ရတာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို ထိန်းသိမ်းရတာက ပိုပြီးလွယ်ကူနေမှန်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။

အဆုံးမှာ ကောင်လေးဟာ လုံးလုံး စိတ်မတို၊ ဒေါသ မဖြစ်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။

သည်မှာတင် ကောင်လေးလည်း အပြေးလေးနဲ့ သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။

“အဖေရေ၊ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျာ” ပေါ့။

အဲလိုကျတော့ ဖအေလုပ်သူက နောက်တစ်မျိုး ခိုင်းပြန်ပါတယ်။

“မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲဒီ မင်းရိုက်ထားခဲ့တဲ့ သံတွေကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ ထိန်းချုပ်နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်”လို့ မှာလိုက်သတဲ့။

အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။

“အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီဗျ၊ တစ်ချောင်းမှ မကျန်တော့ဘူး”ပေါ့။

သည်အခါမှာ ဖအေလုပ်သူက သားရဲ့လက်ကိုဆွဲပြီး သား သံရိုက်ခဲ့တဲ့ ၀င်းထရံဆီ ခေါ်သွားတယ်။

“တော်တယ် ငါ့သား” လို့လဲ ဆိုတယ်။ “ဒါပေမယ့် သား သေသေချာချာ ကြည့်စမ်း၊ ၀င်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်၊ ၀င်းထရံတိုင်က အရင်လို မချောမွေ့တော့ဘူးဆိုတာ သား မြင်တယ် မဟုတ်လား။ အေး… သားက စိတ်တို ဒေါသဖြစ်လို့ ပါးစပ်နဲ့ တစ်လုံး ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ် သားရေ။ သည်လိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်၊ ပြီးတော့ ဓါးကိုပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ် ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါပဲ ရှိခိုးဦးတင် ပြန်တောင်းပန်၊ တောင်းပန် ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။ အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်စမြဲ၊ အမာရွတ် ထင်ကျန်ရစ်စမြဲပဲ ငါ့သား” တဲ့။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာတွေက အဖိုးအနဂ္ထ္ဃ ထိုက်တန်တဲ့ ရတနာတွေပါပဲ။

မိတ်ဆွေ သူငယ်ချင်းတွေဟာ ကျွန်တော်တို့တွေကို ပြုံးရွှင် ရယ်မောစေနိုင်တယ်၊ ကျွန်တော်တို့ဘ၀မှာ အောင်မြင်၊ ခရီးရောက်အောင် အားပေးကူညီနိုင်တယ်။

ကျွန်တော်တို့မှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်။

ချီးမွမ်းစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလဲ မျှဝေခံစားပေးနိုင်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းဆိုတာ ကျွန်တော်တို့အတွက် သူတို့ရဲ့ နှလုံးသားတွေကို အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။
daboedwe

ဆက်ဖတ်နိုင်သည်...

ဆက်ဖတ်နိုင်သည်...

သက်ရှိများ သတ္တဝါများ ရှိနေသည့် Gliese(g)581 ဂြိုလ်

မနေ့က သိပ္ပံပညာရှင်တွေ ဟာ အလှမ်းဝေးတဲ့ စကြာင်္ဝဠာရဲ့ တစ်နေရာမှာ ကမ္ဘာနဲ့ တူပြီး လူနေလို့ရတယ် ဆိုတဲ့အကြောင့် ကို ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ ပါသက်ပြီး နတ်က္ခတာရာ သိပ္ပံပညာရှင်တစ်ယောက်ကလည်း ကမ္ဘာနှင့်တူတယ်လို့ ကျေငြာလိုက်တဲ့ Gliese 581g မှာ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက လေယာဉ်ပျံနဲ့တူသော အလင်းရောင်တွေကို ထို ကမ္ဘာသစ် ဂြိုလ်မှာတွေ့မြင့်ခဲ့ရတာနဲ့ ပါတ်သက်ပြီး ထပ်၍ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Dr Ragbir Bhathal ဆိုသူကတော့ ဆစ်ဒနီအနောက်ပိုင်း တက္ကသိုလ်က သူဘဲဖြစ်သလို အလှမ်းဝေးတဲ့ဂြိုလ်တွေကို လေ့လာနေတဲ့ SETI အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ Gliese 581 (လူနေလို့ရတဲ့ကမ္ဘာသစ်) အကြောင်း လူထုကြားသို့မကျေငြာခင် ၂ဝဝ၈ ဒီဇင်ဘာ လ ကတည်းက ထူးဆန်းတဲ့ အလင်းရောင်တွေ မိတ်တုတ်မိတ်တုတ်နဲ့ ရွေ့လျားနေတာကို တွေ့ရှိခဲ့သူဖြစ်ပါတယ်။

မှတ်သားစရာကတော့ ထုတ်ဖော်ကျေငြာတဲ့အဖွဲ့နှင့် Dr Ragbir Bhathal ရဲ့ သက်ရှိ ရှိမယ်ဆိုပြီး လေ့လာနေတဲ့ ဂြိုလ်ဟာ တစ်ခုတည်းဖြစ်သလို လူနေလို့ရမယ်၊ သက်ရှိတွေ ရှိကောင်း ရှိနေလိမ့်မယ်ဆိုတဲ့ အဖြေခြင်းကတော့ တစ်ထပ်တည်း တူနေတာဘဲဖြစ်ပါတယ်။ Dr Bhathal က ထိုအဖြစ်အပျက်ကို စတွေ့ချိန်တုန်းကဆို ကျွန်တော်တော်တော်ကို စိတ်လှုပ်ရှားခဲ့ရပါတယ် လို့ဆိုပါတယ်။ ထိုနေ့ညက နတ်က္ခတာရာကြည့်မျှော်စင်ပေါ်မှ ကောင်းကင်က အခြားဂြိုလ်တွေကို ကြည့်နေစဉ် ထိုအလင်းရောင် ကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုတွေ့ခဲ့ရတော့ ကျွန်တော်အရမ်းကို စိတ်အားထက်သန်သွားတယ်။ ဒါကြောင့်လည်း နောက်တစ်ကြိမ် ကျွန်တော်တို့မှာရှိတဲ့ ဆောဖ့်ဝလ် နဲ့ ထို အချက်ပြအလင်းကို သေသေခြာခြာထပ်ပြီး စစ်ဆေးခဲ့တယ်။ အသေအခြာသိခဲ့ရတာကတော့ ထိုအရာဝတ္တုဟာ အဆူချွန်ပုံသဏ္ဍာန်မျိုးဖြစ်တယ်လို့ ပြောပါတယ်။ ကလ်ဖိုးနီးယား ဆန်တာခရု တက္ကသိုလ်မှ လေ့လာရေးအဖွဲ့ကို ဦးဆောင်နေသူ Dr Steven Vogt ကတော့ Gliese 581 မှာဂြိုလ်မှာ သက်ရှိတွေ ရှိတယ်ဆိုတာ ရာနှုန်းပြည့် ကြိမ်းသေတယ်လို့ ယနေ့မှာ ထုတ်ဖော်ပြောကြား အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အာကာသရဲ့ Goldilocks ဇုန်မှာ ရှိနေတဲ့ Gliese 581 ဂြိုလ်ပေါ်ဟာ ကမ္ဘာကဲ့သို့ ပူခြင်း၊ အေးခြင်း၊ မြစ်၊ချောင်း၊အင်း၊အိုင် ပင်လယ် စတာတွေအကုန်ရှိတယ်လို့ပြောပါတယ်။

သက်ရှိများနေထိုင်တဲ့ Gliese(g)581 ဂြိုလ်နှင့်အားလေ့လာသိရှိခဲ့ရတဲ့အချက်များ -


* အချင်း - ၁.၂ ၊ ၁.၄ ဆ ကမ္ဘာထက်ကြီးသည်။
* ထုထည် - ၃.၁ နှင့် ၄.၃ ဆ ကမ္ဘာထက်ကြီးသည်။
* အပူချိန် - ပျှမ်းမျှ အပူချိန် - ၂၄ မှ ၁ဝ ဖာရင်ဟိုက် ကြားတွင်ရှိသည်။
* အကွာအဝေး - ကမ္ဘာနှင့် အလင်းနှစ် ၂ဝ ကွာသည်။ တစ်စက္ကန့်ကို ၁၉ဝဝဝ မိုင်နှုန်း အမြန်နှင့် သွားမည်ဆိုပါက နှစ်ပေါင်း ၂ဝဝ သွားရမယ်။
* Gliese 581 ကို Gliese (g) 581 အပါအဝင် ဂြိုလ်ပေါင်း ၆ လုံး လှည့်ပါတ်နေသည်။
* တစ်နှစ်ကို ကမ္ဘာရက် ၃၇ရက်သာ ဖြစ်သည်။
* မြေကြီး ဆွဲငင်အား - ကမ္ဘာနှင့်တူပြီး မပြောပလောက်အောင် အနည်းငယ်သာမြင့်သည်။
* Gliese (g) 581 လှည့်ပါတ်နေသော နေနှင့် မိုင်ပေါင်း ၆ သန်းကွာဝေးသည်။
* Gliese (g) 581 လည့်ပါတ်နေသော အနီရောင် ဂြိုလ် ကျွန်ုပ်တို့ဧ။်နေထက် သုံးဆ ပိုအေးပြီး သုံးပုံတစ်ပုံ အရွယ်သာရှိပါတယ်
* ကမ္ဘာမြေကြီးကို ဖုံးထားတဲ့ အခိုးအငွေ့များရှိသလို Gliese (g) 581 ကိုလည်းထိုကဲ့သို့ အခိုးအငွေ့များဖုံးလွှမ်းထားပြီး ရေ ရှိခြင်းတို့ဖြစ်ပါတယ်။

ဆက်ဖတ်နိုင်သည်...

ဆက်ဖတ်နိုင်သည်...

ဘ၀အမှန်တရား

ဆက်ဖတ်နိုင်သည်...

* Second thoughts are best.

တစ်စုံတစ်ခုအတွက် တွေးကြံတယ် ဆိုပါစို့ ။ ပထမ အကြံတစ်ခုကို ရလိမ့်မယ်။ မထင်မှတ်တဲ့ အချိန်မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ပဲ ဒုတိယအကြံတစ်ခုကို မထင်မှတ်ဘဲ ထပ်ရနိုင်တယ်။ အားစိုက်ထုတ်စရာ မလိုဘဲ သူ့အလိုလိုဖြစ်လာတဲ့ သဘာဝလေး တစ်ခုပေါ့ဘ၀မှာတော့ အဲဒါမျိုးတွေကို အများကြီကြုံခဲ့ရဘူးတယ်။ တန်ဖိုးရှိတဲ့ အောင်မြင်မှုတွေကိုလည်း ရခဲ့ဘူးတယ်။အဲဒီ ဒုတိယ အတွေး၊ ဒုတိယအကြံတွေဟာ ကိုယ် ချင့်ချိန်သုံးသပ်နေတဲ့ ကိစ္စကို အခြားသောရှု့ ထောင့် တွေ့ မြင်ချက်(Other point of view)ဖြစ်နေတတ်တယ်။ နောင် လည်း ကြုံတွေ့ လာရမှာပါ။ သတိရှိရှိနဲ့ တန်ဖိုးထားရမယ့် ကိစ္စလေးမို့ လို့  ထည့်ပြောလိုက်တယ်။

" ဒုတိယအတွေးဟာ အကောင်းဆုံးပါ"
daboedwe

ဆက်ဖတ်နိုင်သည်...

Mother pluto

daboedwe

ဆက်ဖတ်နိုင်သည်...

daboedwe

ဆက်ဖတ်နိုင်သည်...

မိဘမေတ္တာ

အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာတွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟု ဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟု ထပ်မေးလေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေသည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမှ စာမျက်နှာ တစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားနေတယ်။ကျနော့သားက အဖေလို့ခေါ် ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။
daboedway

ဆက်ဖတ်နိုင်သည်...

အဖြူရောင်သံစဉ်များ

ဆက်ဖတ်နိုင်သည်...

ရွေးပါ

ရွေးပါ

ရှုပ်တဲ့စိတ်တွင်း
ရှင်းလင်းအခန်း
မင်းစိတ်ထဲမှာ
လန်းမလား။

ရှုပ်တဲ့အခန်း
ရွှင်လန်းတဲ့စိတ်၊ ရှင်းတဲ့စိတ်
မျက်စိမှိတ်တွေး…...
ဘာလေးကို မင်းယူမလဲ။
(မယ်လရွှေမြင့်)

ဆက်ဖတ်နိုင်သည်...

“လူမသေ တာဝန်မကျေ”တဲ့လား

သြဂုတ်လ ၂၃၊ ၂၀၁၀

“လူမသေ တာဝန်မကျေ”တဲ့လား
သည်းခြေတွေလီလီခမ်း
ရန်သူ့ဆီမြန်းသွားနေ
သွားလေသူ သစ္စာမဲ့တသင်း
ငိုချင်းလည်းချမနေသင့်တော့ပေ
နွေခေါင်ခေါင်မိုးကြိုး
ငြိုးလို့သာ ခွင်းပစ်လိုက်တယ်။


“လူမသေ တာဝန်မကျေ”
ဘာတွေလည်း၊ ဘာတာဝန်လည်း
မခွဲခြားတတ် အမှားအမှန်
အလျားအနံမသိတတ်လေရော့လား
မင်း…သား၊ မယားကောင်းစားရေးလား
မင်း…စီးပွားဖြစ်ထွန်းရေးလား
ကြွေးကြော်သံများဝိုးတဝါး။

တအားရူးတာလား
တအားမူးတာလား
အဖျားရှူးသွားတဲ့ဇတ်လမ်း
မှတ်တမ်း၊ ဖြတ်လမ်းကသွား
သဘောက်သား၊ နွားဖြစ်တဲ့ကိန်း။

တော်လှန်ခရီးကို ဖျက်ဆီးပစ်
မူသစ္စာတွေဖျက်ဆီး
တောက်…အချည်းအနှီးသတ္တဝါတွေ
လူတွေအထင်ကြီးအောင်ခင်း
မင်းအလုပ်၊ မင်းဆောင်ပုဒ်
ဟုတ်တုတ်တုတ်ရှိခဲ့ပေမယ့်လည်း။

ဘီလူး၊ သဘတ်တသင်း
သြော်…မထူးဇတ်ခင်းပြီဆိုရင်ဖြင့်
ရင်နင့်စရာ ကရင့်အနာဂတ်
ဇရပ်၊ ပြတိုက်မရောက်ရရေး
မနှေးအမြန်ကာကွယ်သင့်ပြီမို့။

ကဲ…ပုဝါမယူ၊ ရေမကူဘဲ
အသဲတခြမ်းယူဆောင်း
ပွဲတောင်းကာတော်လှန်မလေ
အာမခြွေ၊ စာမရှည်(ရှေ)
ငါမသေ တာဝန်မကျေပြီတဲ့ဟေ့။ ။

(လင်္ကာဒီပ)

ဆက်ဖတ်နိုင်သည်...

ပန်းသီးပုံပြင်

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...
ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး ဆော့ကစားလေ့ရှိတယ်..
သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်...
ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်..
ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ တစ်ရေးတစ်မောမှေးတယ်...
ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...
ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....
တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"
ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး.. ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး.. ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်.. ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး... ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ.. ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"
ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့ သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...
သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....
သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..
သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...
သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"
ကောင်လေး - "ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်... အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့် မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...
ကောင်လေး - "ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"
သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..
အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...
သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"
အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက် ငါ့မှာသွားတွေမရှိတော့ဘူး"
သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"
အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"
သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက် တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...
အဘိုးအို - "အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"
သစ်ပင်ကြီး - "ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ ထိုင်လိုက်ပါတယ်...
သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့ မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့ မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***
daboedway

ဆက်ဖတ်နိုင်သည်...

Burma Tradition Sport Show At kandawgyi palace hotel

Burma Tradition Sport Show At kandawgyi palace hotel

ဆက်ဖတ်နိုင်သည်...

ပိတောက်ဝါမိသားစုမှ အပျော်တမ်းထုတ်ဝေလိုက်သော သီချင်းလေးဖြစ်သည်။

ဆက်ဖတ်နိုင်သည်...

ရေခဲရေ

ဆက်ဖတ်နိုင်သည်...

မိအေးဘယ်မှာလဲ

ဆက်ဖတ်နိုင်သည်...

ဒုက္ခသည်၏သုခဘုံ

စားချင်နေသား ဟင်းလျာများကို
ဝမ်းတစ်ထွာက စားမရတာ
ပီဘိဒုက္ခပါ/


ပြောချင်နေသားစကားတစ်ခွန်း
နှုတ်ကဖွင့်ဟပြောမရတာ
ပီဘိဒုက္ခပါ။




ဆောင်ချင်နေငြား ကြိုးစီးပွားကို
အများကိုယ့်တွက် မရွက်နိုင်တာ
ပီဘိဒုက္ခပါ။


နေချင်နေငြား နှလုံးသားက
အေးငြိမ်းချမ်းမြ နေမရတာ
ပီဘိဒုက္ခပါ။


စားချင်နေသား ဟင်းလျာများကို
ဝမ်းတထွာက စားလိုက်ရတာ
ပီတိသုခပါ။


ပြောချင်နေသား စကားတစ်ခွန်း
နှုတ်ကဖွင့်ဟပြောလိုက်ရတာ
ပီတိသုခပါ။


ဆောင်ချင်နေငြား ကြိုးစီးပွားကို
အများကိုယ့်တွက် ဆောင်ရွက်နိုင်တာ
ပီတိသုခပါ။


နေချင်နေငြား နှလုံးသားက
ချမ်းငြိမ်းမြမြ နေလိုက်ရတာ
ပီတိသုခပါ။



စားစရာ၊ နေစရာ
ပြောစရာ၊ သွားစရာ
ဘာဆိုဘာမျှ၊ နှလုံးသားက
လုပ်မရရှာ ဒုက္ခသည်ပါ။


စားစရာ၊ နေစရာ
ပြောစရာ၊ သွားစရာ
အားလုံးနီးမျှ၊ နှလုံးသားက
လုပ်လိုက်နိုင်တာ သုခသည်ပါ။


သုခနဲ့ ဒုက္ခကြား
ဗျာများသတ္တဝါ
ဒုက္ခထွေထွေပေါင်းစုဝေးရာ
ကျနော်တို့ဒုက္ခသည်ပါ။


ဒုက္ခလွန်မြောက်၊ သုခရောက်ဖို့
ကျနော်တို့ရဲ့၊ ဖြူဖြူလွလွ
တင့်တင့်တယ်တယ် တောင်ပံလွှာအလှတွေနှင့်
ရဲရဲရင့်ရင့်၊ လွတ်လွတ်လပ်လပ်
မရပ်မနားတဖျတ်ဖျတ်။


သုခဘုံပန်းတိုင်သို့
အဆက်မပြတ်ပျံသန်းကြပါစို့လား။


(မယ်လရွှေမြင့်)

ဆက်ဖတ်နိုင်သည်...

ယုတ္တိဗေဒ

. တိုင်းပြည်တစ်ပြည်က ဘုင်ရင်ကြီးက ယုတ္တိဗေဒ ပညာရှင်အမတ်ကြီးကို ပြောပါတယ် ”လူတွေအားလုံးလူလိမ်တွေ” ပဲတဲ့ ဒါကို ပညာရှိအမတ်ကြီး က ရှင်ဘုရင်ကြီး ပြောတဲ့ ”လူတွေအားလုံးလူလိမ်တွေ” ဆိုတာ မှန်တယ်လို့ ယူဆကြပါစို့ ရှင်ဘုရင်ကြီးကလည်း လူသားတစ်ယောက် ဖြစ်နေတဲ့ အတွက် လူလိမ် ပါပ၊ဲ လူလိမ်ပြောသော စကားဟာ မမှန်ပါဘူး ဒါကြောင့် ”လူတွေအားလုံးလူလိမ်တွေ” ဆိုတာ မှားပါတယ် လို့ပြန် ဖြေပါတယ်။ ပညာရှင်အမတ်ကြီးရဲ့ ဖြေရှင်းချက်က ဘယ်လောက်ကောင်း လိုက်သလဲဗျာ၊ သာမန်ကြည့်ရင်တော့ ဘာမှ မဟုတ် သလိုပါပဲ ဒါပေမယ့် သူဖြေကြားပုံက တမူထူးခြားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဓိကဖြေချင်တာက ”လူတွေအားလုံးလူလိမ်တွေ” မဟုတ်ပါဘူး လို့လေ သို့ပေမယ့် အရင်ဆုံး မှန်တယ်လို့ ယူဆပြီးမှ မှားတယ်လို့ လက်ခံနိုင်အောင် ပြန်လည် ဖြေရှင်းထားခြင်း ဖြစ်ပါတယ်။ ရှင်ဘုရင်ရဲ့စကားကို မှားတယ်လို့တန်းပြောလို့ မရဘူးလေ မှားနေတယ်ဆိုတာကို သူလက်ခံ လာအောင် ကျိုးကြောင်းဆီလျှော်စွာ ပြောဆိုဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။
daboedwe

ဆက်ဖတ်နိုင်သည်...

ဥယျဉ်မှုး၏ရင်လှိုင်းခတ်သံ


ကျုပ်.. လိုက်ရင်ပြေး၊ မထွေးလေးလို
အဝေးကိုခွာ၊ သံသရာ
ကမ္ဘာဆုံးဖွင့်၊ ရွက်ကုန်လွင့်နိုင်သူလေ။


ကျုပ်.. ရပ်မိရင်၊ အသင့်ပြင်နား
အကြင်နာပွား၊ ရင်ဝယ်သားကဲ့
သနားထိထိ၊ ငုံ့ကာကြည့်နေတတ်သူလေ။


ကျုပ်.. ကျောခိုင်းလာ၊ လှည့်ပြန်လာချိန်
အသာလိုက်ခဲ့၊ ချစ်တဲ့ဟန်ပြင်
ကျုပ်ဘဝင်ကို လှုပ်ခတ်တတ်သူလေ။


လိုက်လေဝေးလေ၊ ကြည်စားနေလား
ချစ်ရွှေလမင်း၊ ရောင်ဝါလင်းခမျာ
ချစ်ခြင်းမတူ၊ စိတ်မတူလို့
တူရူပြေးလွှားနေရော့သလား။


ညီညွတ်ရေး၊ သွေးစည်းရေး
မနှေးကြိုးစား၊ လုံ့လများတင်
အမှားပြင်ဆင်၊ အမှန်ခင်ကာ
သံစဉ်တွေညှိလို့နေတုန်းဝယ်။


ညီအစ်ကိုတွေ၊ ရန်ငြိမ်းပြေရေး
ဘာတွေစတေး၊ ကျုပ်ပေးဆပ်ရ
ကလေးတွေကို၊ ငဲ့ညှာပိုအုံး
လူဖြစ်ရှုံးကြ၊ လူလုံးမလှရှာ
သြော်…..ဌာနေမဲ့ စစ်ကျွန်အရေးများ။


ထိန်းလေညှိလေ၊ ဖြစ်ပျက်ကြွေ၍
ဘာတွေမှားယွင်း၊ အံဝင်ခြင်း
လွတ်ကင်းနေလိမ့်၊ ငြင်းနေလိမ့်နော်။


ငြိမ်းချမ်းရေးဆောင်၊ ရွှေလရောင်နှယ်
အမှောင်ခွင်းလှည့်၊ မြန်းလာခဲ့စေ
လွမ်းဖွဲ့မျှော်သူ၊ ကျုပ်ပြည်သူများ
ပန်းတံတားခင်း၊ လမ်းများရှင်းထားမယ်
မြန်လာကွယ် ငြိမ်းချမ်းရေးတရားများရယ်။


ကျုပ်ချစ်တဲ့ကမ္ဘာ၊ လှပလာရေး
ရှာရှာဖွေဖွေ၊ ပန်းပျိုးနေတုန်း
အမောဖုံး၊ နှလုံးသားစုံစုံ
“ကြက်တခုန် ကြွေတလက်”
သက်ငုံတွေဝေ၊ ဖူးကာစွေရင်း
ကြွေလိုက်တိုင်း မြေခတိုင်းမှာလေ။


အိုဘယ့်…..
မေတ္တာရှင်ရေ၊ အရှင့်ခြေတော်ရင်း
ဝပ်စင်းကာငို၊ သစ္စာဆိုကာ
ဂြိုလ်ပြေနာမ်ပြေ၊ စိတ်ကိုဖြေလို့
စနေဒေါင့်ဝယ်၊ ပန်းလှူမယ်လေ
ဝဋ့်တွေကြေစေ ကြွေးကြေစေကွယ်။ ။
(လင်္ကာဒီပ)

မှတ်ချက်။ ။(မထွေးလေး)ရွှေစွန်ညိုကစားတမ်းမှဖြစ်သည်။ ညီအစ်ကိုတတွေ ပြန်လည်စည်းလုံး
ညီညွတ်ဖို့ ကြိုးစားရှာဖွေ နေမှုများကို လိုက်လေဝေးလေ လရိပ်လေးနှင့်ယှဉ်တွဲပြီး ဤကဗျာလေးကို
စပ်ဆိုထားပါသည်။ ကြွေလွင့်သွားကြရှာသော ပန်းပျိုးသော ဥယျဉ်မှုးကောင်းသဖွယ်ဖြစ်သော ကရင့်အာဇာနည်သူရဲ့ကောင်းများကို ဦးညွတ်လျက် သြဂုတ်လ (၁၂)ရင်နေ့တွင်ကျရောက်မည့် နှစ်
(၆၀)မြောက် အာဇနည်နေ့ကို ဤကဗျာလေးဖြင့် မှတ်တမ်းတင်အပ်ပါသည်။

ဆက်ဖတ်နိုင်သည်...

ပါပီမသို့ကဗျာတပုဒ်


ဒီအချိန်ဆို
တိမ်ညိုရိပ်တွေဆင်
ဇွန်မိုးဝင်လာပြန်ပြီပေါ့
ရောက်တော့မယ်လေ “ခြည်ဖြူပွဲ”
သူလဲပြန်လာလိမ့်နိုးနိုးနဲ့။


ကဗျာမပီ စာမမီ
တခါဆီက ပါပီမရေ……
ဒီရာသီနဲ့အတူပြန်လာခဲ့နော်
အဖော်၊ငယ်ကြွမ်းတွေအတူ
ဒီခြည်ဖြူဖွဲ့ပွဲမှာပြန်ဆုံဖို့
မျှော်လို့ကြိုနေကြပြီလေ။


မြေခသပြေသီးတွေဟာ
မင်းပြန်လာကောက်မလားတဲ့
ငါနဲ့အတူမျှော်နေကြပေါ့ကွယ်။


ပါပီမရေ….
ကရင်မှကြင်နာမယ်ဆို
ချိုသာခဲ့စကားများ
လွင့်ပါးကာ မင့်အနားကခွာ
ဘယ်ကမ္ဘာများရောက်လို့နေပါလိမ့်။


ပါပီမရေ…..
မင်းချစ်တဲ့ မင့်လူမျိုး
မင်းရိုးရာဓလေ့
မမေ့ပစ်လိုက်နဲ့နော်
မှော်ရုံနဲ့မာယာကြား
အန္တရာယ်များလှတယ်
လာကွယ် ဘေးရန်ကာဆီး
ခြည်ဖြူစည်းကြစို့။


ချိန်တန်ပြီလေ ပါပီမရေ…..
ပလူးလာ.. ပလူးလာ.. ဂယ့်ထိုင်(ဟှယ့်ထါင်)
ငါကိုယ်တိုင်ခြည်ဖြူမျှင်နဲ့
မင့်ရဲ့လက်မှာ ချီပေးချင်နေ
မင်းဝိညာဉ်တွေလန်းဖို့လေ။


မမေ့ပါဘူး မုန်းပါဘူး
ခဲမှန်ဖူးခဲ့ပေမဲ့လည်း
ကြင်နာဆဲအမျိုးသားအသိနဲ့
ငါ….ဝိုးတဝါးကြည့်ကာနေလိုက်မယ်ကွယ့်
မင်းပြန်လာခဲ့တော့ပါပီမ။

(လင်္ကာဒီပ)

ဆက်ဖတ်နိုင်သည်...

ခြင်းလုံး ကစားခြင်း





ဆက်ဖတ်နိုင်သည်...

ခြင်းလုံး ကစားခြင်း

ခြင်းလုံး ကစားခြင်း

ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်
လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေဖြင့်
ခတ်ကစားရသော ကစားနည်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်
ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ်
ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊
ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။ ဤကစားနည်းသည် ပူး
ပေါင်းဆောင်ရွက်မှုမျိုး၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း
ပါဝင်ဖွဲ့စည်းနေသည်။


[ပြင်ဆင်ရန်​] ။===ခြင်းလုံး===
ဝိုင်းခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ၀ါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်း ရွက်နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ၀ိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။

ဝိုင်းခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်း
လုံး၏ ကြိမ်တွေအကြားမှာ ၀ါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို
အိုးတစ်လုံးထဲတွင် မန်ကျည်း ရွက်နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထို
ကဲ့သို့ စီမံထား သော ခြင်းလုံးက ၀ိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့်
ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။
ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။
[ပြင်ဆင်ရန်​] စတင်ပေါ်ပေါက်လာပုံ

ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြ
ဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ
ဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှု
များလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်း
လက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန်
ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။ ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုး
ကို ခါးတောင်းမြောင်အောင်ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ
နောက်ပိုင်း သာမန်ပြည်သူအများကြားတွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေ
အေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။

ကမ္ဘာ အနောက်နိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ
အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ
စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျှင်မြန်ဖြတ်
လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်း
အကြား ရင်းနှီး ဆက်ဆံ အပေးအယူပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံး
ကို တေးဂီတနှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာမြောက်စွာ တင်ဆက်နိုင်မှု
အပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့်
ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါ
သည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။

မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကို
လည်း အမျိုးသားရေးလက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။
၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ်သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်
လည်း ခြင်းလုံးအသင်းများ ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး
နောက် ခြင်းလုံးကစားနည်းက အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅၀ ခုနှစ် များ
နှင့် ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက
ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း
သွားရောက် ပြသခဲ့ပါသည်။
[ပြင်ဆင်ရန်​] အခေါ်အဝေါ်များ

ခြင်းရိုး၊ ခြင်းလတ်၊ ၀ိုင်းခြင်းခတ်ပွဲ၊ ဘေးဖနောင့်၊ နှစ်ထပ်ခြေဖျား၊ နှစ်ထပ်ခြေခွင်၊ ဖီလာ
ဖနောင့်၊ ခြေခွင်၊ ခြေဖျား၊ ဒူး၊ ဖ၀ါးတို့ပဲ ဖြစ်ကြသည်။ ခြင်းယိုင်အလှခတ်များ ဖြစ်သော
စလွယ်၊ မဟာ၊ မဟာညွန့်၊ ဂုမ္ဘာဏ် အစရှိသည်တို့ကို တွေ့ရသည်။ ခြင်းခတ်ကစားခြင်း
ကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော
သူကို ခြင်းမင်းသားဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်
ပေးနိုင်သော သူကို ခြင်းထောက်ဟု ခေါ်သည်။
[ပြင်ဆင်ရန်​] ခြင်းကြီး ၁၀ မျိုး

ခြင်းကြီး ၁၀ မျိုးကတော့ မဟာ၊ မဟာဒူး(ဂုမ္ဘာဏ်)၊ ၀ိုက်ကြီး၊ စလွယ်ကြီး၊ တည့် ဖ၀ါး၊
တည့်ဖနောင့်၊ မဟာ ညွန့်၊ ညွန့်ဒူး၊ နဂါးပတ်ဖ၀ါး၊ နဂါးပတ်ဖနောင့်တို့ ဖြစ်သည်။ ခေတ်
ဆန်းခြင်း ပေါက်များမှာ သမင်လည် ပြန် ဖနောင့်၊ မြင်းစီးဖနောင့်၊ လျှပ်ဒူး၊ မန္တလာခြေဖျား၊
လေ၀ဲ စသည်တို့ဖြစ်သည်။
[ပြင်ဆင်ရန်​] ပညာရှင်များ

မြန်မာအမျိုးသား ခြင်းအကျော် ၀ိဇ္ဖာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊
လက်ကိုသုံး၍ ပုံအကျခတ်ပြနိုင်မှသာလျှင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်”
ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထိုအမျိုးသမီး
ငယ်မှာ စုစုလှိုင် ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူး
နေပေသည်။--Mayor mt 07:39, 28 နိုဝင်ဘာ​ 2008 (UTC)

ဆက်ဖတ်နိုင်သည်...

သြစတြေးလျား၏ပထမဆုံး ၀န်ကြီးချုပ်


သြစတြေးလျား၏ပထမဆုံး ၀န်ကြီးချုပ်Julia Gillard
(ဂျူလီယာရေးလဒ်)သြစတြေးလျားနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ်
( ၂၅.၀၆.၂၀၁၀)နေ့တွင် ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။
သြစတြေးလျား၏ပထမဆုံး ၀န်ကြီးချုပ်သစ်ဖြစ်လာတဲ့
မစ္စဂျူလီယာဂေးလဒ်ဟာ ရွေးကောက်ပွဲတွေကို လ ပိုင်းအတွင်း
ကျင်းပပေးမယလို့လည်း ဂတိပြုလိုက်ပါတယ်။



အဲဒီပါတီရဲ့ ခေါင်းဆောင်လဲဖြစ်ဝန်ကြီးချုပ်လဲဖြစ်တဲ့ Kevin Rudd
ဟာ အရင်က ရေပန်းစားခဲ့ပေမဲ့ နောက်ပိုင်း သူ့အပေါ် စီရင်ဆုံးဖြတ်
မှုတွေ လူကြိုက် နည်းလာပြီးနောက် အခုပါတီအတွင်းမှာ နေရာအပြောင်းအလဲ၊ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်လာရခြင်းဖြစ်ပါတယ်။ တခြားသတင်းတခုအရ
သြစတြေးလျ မိုင်းတွေမှာ Tax (၄၀)ရာခိုင်နှုန်းကောက်ခံတဲ့အပေါ်မှာလ
ဲ လူကြိုက်နည်းလာရတာပါတယ်ဟု သိရပါသည်။


အင်္ဂလန်နိုင်ငံမှာ မွေဖွားခဲ့ပြီး သြစတြေးလျနိုင်ငံသို့ရေံ့ပြောင်းလာတဲ့
မိသားစုမှဖြစ်တယ်။ ဥပဒေနဲ့ကျောင်းပြီးပြီး နိုင်ငံရေးထဲရောက်လာ
သူဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အပိုင်းမှာ ပိုပြီး စိတ်ဝင်
တစားလုပ်တာတွေ့ရတယ်။ လေဘာပါတီရဲ့ လက်ဝဲအုပ်စုကဖြစ်တယ်။
လေဘာရဲ့မူဝါဒနဲ့ပါတ်သက်လို့ လေးလေးနက်နက်ရှိတဲ့ အမျိုးသမီး
တယောက်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသူ၊
မြန်မာပြည်အရေးကို စိတ်ဝင်စားတယ်။

ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်လာတာနဲ့ပါတ်သက်ပြီးတော့ မြန်မာနိုင်ငံ
(၂၀၁၀)ရွေးကောက်ပွဲအပေါ် ထားရှိတဲ့သဘောထားတွေ ပြောင်းလဲလာ
မှာမဟုတ်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးအပိုင်းမှာတော့ ပြောင်းလဲလာဖွယ်
ရှိတယ်။ လက်ရှိဝန်ကြီးချုပ် Kevin Rudd နှုတ်ထွက်သွားရတဲ့ကိစ္စ
တွေထဲမှာ လူဝင်မှုကြီးကြပ်ရေးကသြစတြေးလျားကို လှေနဲ့လာတဲ့လူတွေ
ကိစ္စတွေက အဓိက အချက်အနေနဲ့ပါပါတယ်။

Julia Gillardက သတင်းစာရှင်းလင်ပွဲမှာပြောသွားတာက သူ့အနေနဲ့
လူဝင်မှုကြီးကြပ်ရေး အပိုင်းတွေမှာ တင်းတင်းကြပ်ကြပ်ကိုင်တွယ်သွားမယ်လို့
ဆိုတဲ့အကြောင်းအဲဒီ မဲဆေ့ခ်ျကို အတိအလင်းပြောသွားခဲ့ပါတယ်ဟု
(အန်အယ်လ်ဒီ)လွတ်မြောက်နယ်မြေ လွတ်တော်အမတ်ဦးမောင်မောင်အေးက
ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားခဲ့ကြောင်း သိရပါတယ်။

ဆက်ဖတ်နိုင်သည်...

အဖေ့ဆုတောင်း


အဖေ့ဆုတောင်း

ရင်မှဖွားတဲ့
သားနဲ့သမီး
ရင်းရင်းနှီးနှီး
ပွန်းပွန်းတီးတီး
ချစ်ပြီးရင်းချစ်
သစ်ပြီးရင်းသစ်
ရင်နှစ်သည်းချာ
မင်းတို့မေတ္တာလမ်း
အနှစ်တစ်ရာလှမ်းနိုင်ပါစေ။
သံသရာစခန်းတိုင်မြဲခိုင်ပါစေ။။
(အဖေ)

မှတ်ချက်။။(၁၂.၀၆.၂၀၁၀)ရက်စနေနေ့တွင်ကျင်းပခဲ့သော
သားမောင်အောင်ငြိမ်ချမ်းနှင့်သမီးမိညိုညိုမွန်တို့၏
မင်္ဂလာဧည့်ခံပွဲသို့ ရည်ညွှန်းလျက်။

ဆက်ဖတ်နိုင်သည်...

တောင်းဆု

တောင်းဆု................

သံသယ အကြည့်တွေနဲ့ 

...အသိတွေက ဝေဝါးလို့ 

...ဘယ်သူမှားတယ် ဘယ်သူမှန်တယ်

...မသိလိုက်ရပဲ အဆုံးသတ်ရမဲ့ ..ဘဝ...........။

...အစတော့ ကောင်းမလိုလိုနဲ့ 

...နှောင်းမှာပြိုလဲ ရမှာ မသိရတဲ့ ဘဝက

...ငိုလို့ လဲမရ ရယ်လို့ လဲမရနဲ့ 

...လက်မြှောက်ကာ အရှံးပေး

...အဝေးဆုံးမှာပဲ နေပေးမှာပါ....ဖြူ..............။

...နိုင်လိုခြင်းကင်း သန့်ရှင်းတဲ့မေတ္တာနဲ့ 

...ချစ်ခဲ့ရသူပါ.......လွယ်လင့်တကူနဲ့ 

...ချစ်တယ်..လို့ ..မင်းနှုတ်က မပြောရဲပေမဲ့ 

...ငိုနေတဲ့ ငါ့နှလုံးသားမှာ အမုန်းတရား

...မရှိခဲ့ဘူးဆိုတာ မင်းသိတဲ့ တစ်နေ့ 

...အချိန်မှီ ပြန်လာ ခဲ့ပါ..............ဖြူ..။

....တူညီတဲ့ လူတွေရဲ့  ဘဝမှာ

....ချစ်ခြင်း မေတ္တာတရားကို

....မင်းသနားမယ်ဆိုရင် (ပေါ့)..

....အလိုလို ပြည့်စုံ ရပါစေသားလို့ 

....ဆုတောင်းရင်းနဲ့  ရှင်သန်ခွင့် ပေးသနားတော်မူပါ................................။။

ဆက်ဖတ်နိုင်သည်...

“ပညာရဲရင့် သော်လည်း---------"

ဒီနေ့ကျွန်တော် အရင်က ရေးခဲ့သော စာစီစာကုံးစာအုပ်လေးကို တွေ့မိ၏။ စာအုပ်ကို ဖတ်မိသောအခါ အတိတ်ကို သတိရမိသည်။ “ပညာရဲရင့်ပွဲလယ်တင့်”။
သို့သော် ကျွန်တော်ပြန်၍ စဉ်းစားမိပြန်၏။ ကျွန်တော့်စာလေးကို ဖတ်လိုက် ၊ စဉ်းစားလိုက်နဲ့ တစ်ဝေ့လည်လည်ရှိနေ၏။ ကျွန်တော် ယခင်က “ပညာရဲရင့် ပွဲလည်တင့်” ကို သစ္စာဟုဆိုခဲ့သည်။ အမြဲတမ်းမှန်ကန်သော နိယာမဟု ထင်ခဲ့သည်။ ထို့ပြင် ပညာရဲရင့်ပွဲလည်တင့်သူပေါင်းများစွာကို ဥပမာပြ၍ သက်သေထူခဲ့သည်။
ယနေ့စဉ်းစားမိသည်ကား ထိုသို့မဟုတ်တော့။ အာခိမိဒိကို လူတိုင်းသိမည်ဟု ထင်ပါသည်။ အာခိမိဒိသည် မှန်ဘီလူးများဖြင့် အလင်းကိုစုကာ ရန်သူ့သင်္ဘောကို မီးလောင်စေခဲ့သည်။ ထိုစဉ်က သူ့ကို မှော်ဆရာဟု သတ်မှတ်ခဲ့သည်။ ထို့ပြင် သိပ္ပံပညာတွင် “ကမ္ဘာလုံးသည်” ဟုပြော၍ အသတ်ခံရသည့် ပညာရှင်ပေါင်းများစွာရှိပါသည်။ ထို့ပြင် “ကမ္ဘာက နေကို ပတ်နေသည် “ ဆိုသော စကားကို ပြောဆိုသည့် သူများအကျဉ်းချခံရသည်ကို သမိုင်းတွင်တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် ဘာသာရေးကို စဉ်းစားကြည့်ကြပါ။ ယေရှုသခင်ကို သင်တို့သိကြမှာပါ။ ယေရှုသည် လူအချင်းချင်း မေတ္တာထားရန် ဟောပြောခဲ့သည်။ ထို့ကြောင့် လူတို့က သူ့ကို ကြိုးစင်တင်၍ သေဒဏ်ပေးခဲ့သည်။ ထို့ပြင် ဗုဒ္ဓကို ကြည့်ပါ။ ဗုဒ္ဓသည် ဘုရားမဖြစ်ခင် သိဒ္ဓတ္ထ မင်းသားဘ၀တွင် အဘယ်သို့စဉ်းစားခဲ့သနည်း။ သိဒ္ဓတ္ထသည်” လောကတွင် သေခြင်းရှိလျှင် မသေခြင်းရှိသည် “ ဟု စဉ်းစားခဲ့သည်။ ထိုစဉ်က မည်သူလက်ခံပါသနည်း။ အားလုံးက သိဒ္ဓတ္ထ၏ အယူအဆကို လက်မခံ။ သို့သော် သိဒ္ဓတ္ထသည် မသေခြင်းကို အမှန်တစ်ကယ်တွေ့ရှိခဲ့သည်။ ဤကား နိဗ္ဗာန် တည်း။

အထက်ပါ ပုဂ္ဂိုလ် များကို ကြည့်ပါ။ ထိုသူတို့သည် ပညာရှိများဖြစ်ပါသည်။ အဘယ်ကြောင့် ထိုခေတ်က လူများက ပညာရှိဟု မသတ်မှတ်ခဲ့သနည်။ ထိုသူတို့သည် ပညာရဲရင့် ပွဲလယ်မတင့်ခဲ့။ သူတို့ခေတ်က လူများက သူတို့ကို လက်မခံ။ ဆက်လက်၍ လောကနီတိပါ စာပုဒ်တစ်ခုကို ဖော်ပြပါမည်။
“ ကျီးတို့၏ အလယ်၌ ဗျိုင်းသည် မတင့်တယ်”
“ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်”
` ထိုသူတို့ကား လူမိုက်တို့၏အလယ်တွင် ပညာရှိဖြစ်ခဲ့ခြင်းလော။ ဖြစ်နိုင်ပါသည်။ သို့သော် တရားသေတော့မဟုတ်။” ပညာရဲရင့် ပွဲလယ် မတင်”့ ခဲ့သည့် အကြောင်းအချက် နှစ်ခုရှိနိုင်ပါသည်။
၁။ ထိုသူ ပြောဆိုသည့် အကြောင်းအရာကို နားထောင်သူတို့က ဥာဏ်မမှီခြင်း
၂။ ထိုသူ ကိုယ်တိုင်က လူပိန်းများ နားလည်စေရန် ရှင်းလင်းစွာ မပြောနိုင်ခြင်း တို့ဖြစ်သည်။
ပထမ တစ်ချက်သည် အဘယ်ကြောင့်ဖြစ်ရသနည်း။ လူတို့၏ သဘာဝသည် မိမိတို့လက်မခံနိုင်သော အယူအဆတစ်ခုကို လာရောက်ပြောဆိုသောအခါ စဉ်းစားမှုမပြုဘဲ လွယ်လွယ်ငြင်းဆိုတတ်ကြသည်။ လူတို့သည် စဉ်းစားသည်ထားဦးစို့ မိမိနားလည်မှု မရှိလျှင် စိုးစဉ်းမျှ ကြိုးးစားမှု မပြုဘဲ လာရောက်ပြောဆိုသူကို အရူး(သို့) အပေါ ဟူ၍ပြောဆိုကြ၏။ ထိုကြောင့် ကျွန်တော်တစ်ခုပြောလိုပါသည်။ လူတစ်ယောက်က မိမိအယူအဆကို လာရောက်ပြောဆိုသောအခါ သူ့ရှုထောင့်မှ ၀င်ရောက်စဉ်းစားကြည့်ပါ။ ပြီးလျှင် ချင့်ချိန်စဉ်းစားကြည့်ပါ။ မိမိအယူအဆနှင့်မတူလျှင် ပြစ်ပယ်တတ်သည့်အလေ့ကို ဖျောက်ပါ။ ထိုသို့လုပ်ဆောင်လျှင် သင်သည်တစ်ပါးသူ၏ အတွေးအခေါ်ကို မှန်လား ၊ မှားလား ဆုံးဖြတ်နိုင်သည့်သူ ဖြစ်ပါလိမ့်မည်။ အကယ်၍ ပြောသူ၏ အယူအဆမှာ မှားလျှင်အဘယ်ကြောင့် မှားသနည်းဆိုသည်ကို ကျိုးကြောင်းပြ၍ ပြောဆိုပါ။ ထိုသို့မဟုတ်ဘဲ လွယ်လွယ်နှင့် အယူအဆကို ပြစ်ပယ်ပါက ထိုသူက မိမိအပေါ် စိတ်ခုသွားအံ့။
နောက်ဆုံးတစ်ခုပြောလိုသည်မှာ ပညာရှိလုပ်နည်းဖြစ်ပါသည်။ လက်ရှိပညာရှိဟု သတ်မှတ်ထားသူ အများစုမှာ လူပိန်းများကို နားလည်အောင်ပြောဆိုနိုင်သူများသာဖြစ်ပါသည်။ သင်သည် ပညာရပ်တစ်ခု၌ အမှန်တစ်ကယ် ကျွမ်းကျင်စေကာမူ ပညာရှိဟု သတ်မှတ်ခြင်းမခံရနိုင်။ လူပိန်းတို့အား နားလည်စွာရှင်းပြနိုင်ရမည်။ ထိုမှသာ သင်သည် ပညာရှိဟု သတ်မှတ်ခံရပေလိမ့်မည်။ ထိုသို့ မရှင်းနိုင်လျှင် သင့်ကို အများက အရူးဟု သတ်မှတ်ပေအံ့။
မှတ်ချက်
၁။ ကျွန်တော်သည် မြန်မာစကားပုံများကို တိုက်ခိုက်ခြင်းမဟုတ်ပါ။ စဉ်းစားသုံးသပ်ရုံမျှသာ ဖြစ်ပါသည်။
၂။ ကျွန်တော်ရေးသားသော စာကို ချင်ချိန်စဉ်းစားသုံးသပ်ကြည့်ပါ။ ကျွန်တော့် အယူအဆ မှားနေခြင်းလည်း ဖြစ်နိုင်ပါသည်။
daboedway

ဆက်ဖတ်နိုင်သည်...